ယွန်းဂျောင်ဟန်မေ့သွားခြင်းသာ။ ဂျိုရှုအာက ဖုန်းလည်းအသစ်ဆိုတော့ သူ့နံပါတ်လည်းရှိမှာမဟုတ်။ သူ့နံပါတ်ကို လုံးဝမပြောင်းထားသော်ငြား သူ့နံပါတ်ကိုမှတ်ထားစရာအကြောင်းလည်း ဂျိုရှုအာ၌မရှိဘူးလေ။ သူနားလည်ပါတယ်။ နားလည်လွန်းလို့ ဝမ်းနည်းတယ်လို့တောင်မခံစားရတော့ဘူး၊ ထုံနေချက်ဆိုတာ။
"အာ မေ့သွားတာ ရှုအာမှာ ဘယ်လိုလုပ်ငါ့နံပါတ်ရှိမှာလဲ ငါဘယ်သူလဲဆိုတာသိရင် မ blockလိုက်နဲ့နော် တောင်းဆိုတာပါ"
ဒီစာကို နာရီဝက်လောက်ကြာပြီးမှ ပြန်စာရလေသည်။
"ဘယ်သူလဲဆိုတာသာပြောစမ်းပါ"
"ယွန်းဂျောင်ဟန်ပါ"
ပြန်စာမရတော့ပါ။ ခန့်မှန်းထားပြီးသားမို့ ကောင်းကောင်းအိပ်ပျော်စေဖို့ကိုသာ ဆုတောင်းပေးလိုက်တော့သည်။ နောက်နေ့တွေမှာလည်း ဂျိုရှုအာနားကပ်ဖို့အကြောင်းရှာရဦးမည်လေ။
-----
အခွင့်အခါသင့်ချင်တော့လည်း ကောင်းချက်ဆိုတာ။ ယွန်းဂျောင်ဟန်အခုရက်ပိုင်း အရေးတကြီးအလုပ်ကိစ္စများလည်းမရှိ၊ ခက်ခဲသောအလုပ်ဟူ၍လည်းမရှိနေပေ။ ထို့ကြောင့် သူဂျိုရှုအာကိုပေးစရာ အချိန်တွေအများကြီးရှိနေလေသည်။
"ရှုအာ Morning"
"ဘာလုပ်နေတာလဲ စားပြီးပြီလား"
"ပြန်မဖြေချင်လည်းရပါတယ် ငါပို့တာလေးတွေတော့ကြည့်ပေးပါ"
"ရှုအာကအရင်လိုပဲနော် ချောတုန်း"
"ချီးကျူးရုံသက်သက်ပါနော် ငါကရှုအာကို ရှုအာဖြစ်နေရုံတင် ချစ်ပြီးသားပါ"
"ချစ်တယ်နော် ရှုအာ ငါအလုပ်ပေါ်လာလို့ လုပ်လိုက်ဦးမယ်နော်"
"ငါကချစ်တယ်ဆိုတာ အမြဲတမ်းသတိရပေးနော်"
ထိုကဲ့သို့စာများကို ထမင်းစားရေသောက်ပို့လေတော့သည်။ အရင်နေ့က ငိုကြီးချက်မ ဖြစ်နေသည့်ပုံစံနဲ့များတခြားစီ။ တက်ကြွနေချက်များ။ ဒါကတော့ ဂျိုရှုအာတွေးနေခဲ့သော အတွေးများသာဖြစ်လေသည်။
ယွန်းဂျောင်ဟန်သည် ထိုကဲ့သို့စာများအား သုံးလေးရက်ခန့်ဆက်တိုက်ပို့လေသည်။ နောက်ဆုံး ဂျိုရှုအာဘက်မှ "ဆက်ပို့နေရင် blockမယ်" ဟူသော စာရောက်လာမှသာ အပို့ရပ်တော့လေသည်။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...