မင်ဂယူနှင့်ဝေါန်းနူ၏အချစ်ရေးသည် ဂျိုရှုအာအပေါ်တွင်တော့ သက်ရောက်မှုအနည်းငယ်ရှိသွားသည်ဟုပြောရမည်။ သူယခုယွန်းဂျောင်ဟန်ကို နင့်နင့်သည်းသည်းလွမ်းသွားပြီလေ။ သို့ပေမယ့်လည်း သူ့ညီငယ်လေးများကိုတော့ဂုဏ်ပြုပေးရမည်ဖြစ်သဖြင့် လွမ်းစိတ်ကိုချုပ်တည်းကာပင် သူတို့၏တွေ့ဆုံခြင်းကို ဂုဏ်ပြုအသောက်ပွဲဆီသို့ ဦးတည်လိုက်လေတော့သည်။
သောက်ရင်းစားရင်း စကားပြောလိုက် စလိုက်နောက်လိုက်ဖြင့်ပင် အချိန်သည်မစောတော့ ညသန်းခေါင်ပင်ရောက်နေပြီဖြစ်လေသည်။ သောက်တာကနည်းနည်း စကားပြောတာ အစားစားတာက ပိုများသဖြင့် တအားတော့မမူးကြ၊ အိပ်ကောင်းရုံလောက်သာ။ အိပ်လည်းအိပ်ချင်လာကြသဖြင့် စကားဝိုင်းကိုအဆုံးသတ်လိုက်ကြကာ မိမိအခန်းဆီသို့ကိုယ်စီဝင်သွားကြလေသည်။
ဂျိုရှုအာတို့ဆုံမည့်ကိစ္စ ယွန်းဂျောင်ဟန်ကိုပြောပြီးဖြစ်သဖြင့် ညဉ့်နက်တဲ့ထိတော့စောင့်နေမည်မဟုတ်။ သောက်နေတုန်း အခန်းထဲအားသွင်းခဲ့သောဖုန်းအား ယခုမှဖြုတ်ရလေသည်။ လင်းလာသော screen တွင် သူချစ်ရသော နတ်သားလေး၏ စာတိုများရှိနေလေသည်။
ဂျိုရှုအာမနေနိုင်စွာပင် ပြုံးလိုက်မိကာ chatထဲသို့ဝင်လိုက်လေသည်။ စာများကိုမြင်လေတော့ သူ့နှုတ်ခမ်းထောင့်စွန်းများသည် အောက်ကိုပင်ပြန်မကျတော့ပါ။
"ရှုအာ ရှုအာ"
"ရှုအာလေးကသောက်လို့ပြီးသေးဘူးပေါ့"
"ငါဒီနေ့လည်း အလုပ်တွေအများကြီးကူခဲ့ရတာ ပင်ပန်းနေလို့ ရှုအာကိုမစောင့်တော့ဘူးနော်"
"မစောင့်တော့ဘူးပြောပေမယ့် လွမ်းတယ်ရှုအာ"
"အိပ်တော့မယ်နော်"
"အိပ်မက်ထဲမှာတွေ့မယ် မင်းအိပ်တဲ့ခါကျ ငါ့အိပ်မက်ထဲလာခဲ့ ငါ့အိပ်မက်ထဲမှာ မင်းကိုစောင့်နေမယ် (kiss) (kiss)"
စာလေး လေးငါးကြောင်းဖြင့် ဂျိုရှုအာအား အပြုံးမပျက်အောင်လုပ်နိုင်သောလူသားလေးပါပင်။ သူလည်းအိပ်ရတော့မည်။ သူ့ရည်းစားလေးကသူ့ကိုအိပ်မက်ထဲတွင် စောင့်နေသည်မဟုတ်ပါလား၊ သူအမြန်သွားတွေ့ရမည်လေ။
YOU ARE READING
Hot Chocolate
Fanficသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...