ကြောင်ကလေးပါတော်မူခြင်း
ဂျောန်ဝွန်းနူသည် ငယ်စဉ်ကတည်းကသီးသန့်ဆန်သောသဘောတရားဖြင့်နေထိုင်တတ်သူဖြစ်လေသည်။ လူမှုရေးခေါင်းပါးသည်ဟုမဆိုသော်ငြား လူတစ်ယောက်နှင့်သိကျွမ်းဖို့ရာ တဖက်လူဘက်ကကြိုးစားအားထုတ်မှုနှင့်သာဆိုင်လေသည်။
ကျောင်းပိတ်ရက်တနေ့တွင် သူတို့အိမ်ဘေးသို့ပြောင်းလာသော မိသားစုမှကောင်လေးသည် သူ့ဘဝထဲသို့ချင်းနင်းဝင်ရောက်ခဲ့သည်။ မြင်မြင်ချင်းပင် ငယ်ရွယ်သောအသိစိတ်နှင့်ထိုကောင်လေးအားခင်ချင်ခဲ့မိသည်။ ခြံဝန်းထဲ၌စာဖတ်နေရင်း ထိုကောင်လေးတို့အိမ်ထဲပစ္စည်းများချနေသည်ကိုကြည့်မိနေသည့်မိမိအားတွေ့သော် ထိုကောင်လေးကတောက်ပစွာပြုံးပြလေသည်။ ထိုအပြုံးလေးသည် ဂျောန်ဝွန်းနူ၏ဘဝတခုလုံးဖြစ်လာစေသည့် အကြောင်းရင်းလည်းဖြစ်နိုင်လောက်ပေသည်။ သူ၏ရင်ခုန်သံတို့သည် ကလေးဘဝကတည်းက စစ်မှန်ခဲ့ပုံရလေသည်။
ထိုနေ့ညနေဘက်တွင် လာရောက်နှုတ်ဆက်သော တဖက်အိမ်မှထိုကောင်လေးမိသားစုသည် ဂျောန်ဝေါန်းနူအတွက် နွေးထွေးမှုတစုံတရာကိုယူဆောင်လာခဲ့မှန်း ဂျောန်ဝေါန်းနူမရိပ်မိခဲ့။ တောက်ပမှုနှင့်အတူနွေးထွေးလှသောအပြုံးတို့သည် သူ၏ကျောင်းပိတ်ရက်ကို ထိုရက်မှစ၍ အဖော်ပြုပေးခဲ့လေသည်။
အလုပ်တဖက်နှင့်မအားလေသောမိဘများအစား ဂင်မ်မင်ဂယူက သူ့အနားရှိနေပေးခဲ့သည်။ မနက်မိုးလင်း မနက်စာစားပြီးသည်နှင့် ဂျောန်ဝေါန်းနူ၏အိမ်သို့ရောက်လာစမြဲပင်။ ခင်မင်ခြင်းအရိပ်အယောင်များပင်မပြခဲ့လေသော ဂျောန်ဝေါန်းနူသည် ဂင်မ်မင်ဂယူ၏နီးကပ်မှုများအား နေရခက်ခြင်းမဖြစ်ခဲ့။ မိသားစုများမှလွဲ၍ သူစိမ်းသူများအပေါ်တွင် အေးစက်စက်ဆက်ဆံတတ်သော ဂျောန်ဝေါန်းနူသည် ဂင်မ်မင်ဂယူအပေါ်တွင်ေတာ့ သူကိုယ်တိုင်ပင်မသိလိုက်ပါပဲ နွေးထွေးနေခဲ့မိသည်။
အပေါင်းအသင်းဟူ၍မည်မည်ရရမရှိသောဂျောန်ဝေါန်းနူအတွက် ထိုကျောင်းပိတ်ရက်သည် ပျော်စရာဖြစ်ခဲ့ပါ၏။ ဂင်မ်မင်ဂယူအတွက်လည်းထပ်တူပင်ဖြစ်ခဲ့လေ၏။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...