ဂျိုရှုအာရင်ထဲထိတ်သွားသည်။ချွဲဆွန်းချောလ်များ ရိပ်မိသွားခြင်းပေလား။တကယ်ဆို သူဆွန်းချောလ်အားတမင်မပြောပြသည်မဟုတ်။ ပြောဖို့အခွင့်မကြုံခြင်းသာဖြစ်သည်။ ပြောပြဖို့အာရုံလည်းသူ့တွင်ရှိမနေခြင်းကြောင့်ဖြစ်လိမ့်မည်။ သူ၏အာရုံအလုံးစုံအား ယွန်းဂျောင်ဟန်ကအပိုင်သိမ်းထားသည် မဟုတ်ပါလား။
"မင်း ကြိုက်----"
ချွဲဆွန်းချောလ်တစ်ခုခုပြောရန်အစပျိုးလိုက်သောငြား ယွန်းဂျောင်ဟန်ပြန်လာသဖြင့် စကားစပြတ်သွားလေသည်။ အကြည့်တို့သည်တော့ ဂျိုရှုအာအား တစ်ခုခုပြောချင်ဟန်၊ တစ်ခုခုအားသိနေဟန်အကြည့်တို့ဖြင့် ဖြစ်လေသည်။
"စောင့်ရတာကြာသွားလား၊ ဝွန်းနူကပြောရခက်နေလို့ကွာ"
ယွန်းဂျောင်ဟန်ကပြောလာသော် ဂျိုရှုအာကအဖြေစကားဆက်လေသည်။
"မကြာပါဘူး ငါတို့လည်းစကားပြောနေတာနဲ့ ကြာတယ်လို့မခံစားလိုက်ရပါဘူး"
"ဘာတွေပြောနေကြတာလဲ ငါမရှိတုန်း"
"ဪ ဝွန်းနူဘယ်လိုလုပ် ကျောင်းနှစ်စမှာ မတက်လိုက်ရလဲ၊ သူ့မိဘတွေနဲ့ဘယ်လိုပါသွားလဲ အဲအကြောင်းတွေပါ ထွေထွေထူးထူးမဟုတ်ဘူး ဆွန်းချောလ်ကပြောပြနေတာ"
ထိုသို့ပြောလိုက်လေတော့ ဆွန်းချောလ်ကလည်းဘာမျှဝင်မပြောပေမယ့် ဂျိုရှုအာကိုတော့ အဓိပ္ပာယ်ပါသောအကြည့်တို့ဖြင့်ကြည့်နေဆဲပင်။ ယွန်းဂျောင်ဟန်ကတော့ 'ဪအဲလို'ဟူသောတစ်ခွန်းသာပြန်ဖြေလေရင်း နောက်အတန်းသို့တက်ရန်ထွက်လာလိုက်ကြလေသည်။
အတန်းများပြီးစီးသော် ဂျောန်ဝွန်းနူကသူတို့အတန်းရှေ့စောင့်နေလေသည်။ ရုပ်ရည်ချောမောသောကောင်လေးအားအများက စိတ်ဝင်စားကြသည်မှာပုံမှန်ပင်ဖြစ်လေရာ အခန်းရှေ့တံခါးဘေး၌ရပ်နေသော ကောင်လေးအပေါ် အကြည့်စူးစူးများက ပေါ်တင်တစ်မျိူး၊ သွယ်ဝှက်၍တစ်မျိုး ကျရောက်နေလေသည်။ ဂျိုရှုအာတို့ထွက်လာတော့ မြင်လိုက်ရသည့်မြင်ကွင်းမှာ ဤသို့ဖြစ်လေသည်။
ပတ်ပတ်လည်တွင် ကောင်လေး၊ကောင်မလေး ငါးယောက်ခန့်ဝိုင်းနေကာ ဖုန်းနံပါတ်နှင့် ဆိုရှယ်မီဒီယာအကောင့်အားတောင်းနေခြင်းဖြစ်သည်။ မုန့်ပေးသူလည်းရှိကာ ဒီတိုင်းလာနှုတ်ဆက်နေသူလည်းရှိလေသည်။ ဝွန်းနူကတော့ မျက်နှာလေးခပ်တည်တည်ဖြင့်သာ အေးစက်စက်အရှိန်ဝါများထုတ်လွှတ်လျက် အေးစက်စက်စကားများအားဆိုလိုက်လေသည်။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...