အချိန်များသည် ရွေ့လျားနေလေရာ တဖြည်းဖြည်းဖြင့် သူတို့နောက်ဆုံးစာမေးပွဲဆီသို့ပင်ရောက်လာလေသည်။ ဘာသာရပ်တိုင်းသည် ခက်ခဲလှသည်လည်းမဟုတ် လွယ်ကူလှသည်လည်း ဖြေတော့ဖြေလိုက်ကြတာပင်။ အောင်တော့အောင်လောက်ပါရဲ့။
စာမေးပွဲပြီးတော့ သူတို့ငါးယောက်သားမုန့်သွားစားကြလေသည်။ ပုံမှန်ဆိုလျှင် စာမေးပွဲချိန်များမတူကြသော်လည်း ခုတခေါက်တော့တိုက်ဆိုင်စွာပင် အချိန်တူနေသဖြင့်အဆင်သင့်သွားကြလေသည်။
ခရစ်စမတ်လည်းနီးနေပြီမို့ ဟိုဟိုဒီဒီ ခရစ်စမတ်နဲ့ဆိုင်သော ပစ္စည်း ကြီးကြီးငယ်ငယ်တွေ့နေရပြီဖြစ်လေသည်။ ပထမဆုံးနှင်းကျချိန်သည် သူတို့စာလုပ်နေကြချိန်ဖြစ်သဖြင့် မကြုံလိုက်ရ။ ခရစ်စမတ်ကိုတော့ အိမ်ကမိသားစုများနှင့်ကျင်းပရမည်ဖြစ်သဖြင့် ခရစ်စမတ်မရောက်ခင် ဒီရက်ပိုင်းကိုတော့ တတ်နိုင်သမျှ တူတူရှိနေချင်ကြသည်။
သူတို့သည် မြို့ထဲတွင် လည်ပတ်ကြကာ နေရာစုံမှ Christmas themeပြင်ဆင်မှုများကိုကြည့်ရှုကြသည်။ အမှတ်တရဓာတ်ပုံများလည်းရိုက်ကြကာ မုန့်များလည်း ဝယ်စားကြလေသည်။
ဆိုင်ထိုင်စားကြတာမျိုးမဟုတ်ပဲ လမ်းလျှောက်ရင်းစားလို့ရတာမျိုးသာ ဝယ်စားကြလေသည်။ လည်ပတ်ကြည့်ရှုရတာကိုက ပျော်စရာပင်ဖြစ်သောကြောင့်ပင်။ ပြောရလျှင်ပင် စာမေးပွဲအားလုံးဖြေပြီးသဖြင့်ဝန်တခုတော့ပေါ့သွားသည်ပင်။
သူတို့၏အကြို ခရစ်စမတ်လေးအနေဖြင့် ခရစ်စမတ်နေ့မရောက်ခင်နေ့အထိ ငါးယောက်သားလည်ပတ်လိုက်၊ ခွဲလည်လိုက်ဖြင့် အချိန်များကိုအသုံးချနေလေသည်။
ယခုမှ ယွန်းဂျောင်ဟန်၏ချောကလက်ပူပူလေးက Christmas Themeလေးလိုပင်။ အပူငွေ့ရေးရေးဖြင့် ဆောင်းလေအေးအေးက လိုက်ဖက်လွန်းလှပေသည်။ ဆောင်းလေ၏ အေးစက်မှုကြောင့် ယွန်းဂျောင်ဟန်၏မျက်နှာနုနုလည်း နှာခေါင်းထိပ်လေး နီစက်သွားရ၏။ အလုံထုပ်လေးများသဖွယ် မျက်နှာ၏အစိတ်အပိုင်းအနည်းငယ်သာ ပေါ်နေပါသော်ငြား လှပမှုတို့ကတော့ ထင်းနေဆဲဖြစ်ပါ၏။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...