အပိုင်း(၉)

273 39 0
                                    

ယွန်းဂျောင်ဟန်နှင့်ဂျောန်ဝွန်းနူတို့သည် လေးငါးလခန့်အထိတော့တွဲဖြစ်လိုက်ကြသေးသည်။ ထိုအချိန်တွေတုန်းက ယွန်းဂျောင်ဟန်သည်လည်း ယခုကဲ့သို့ပွေရှုပ်တတ်သူမဟုတ်ပေ။ ထို့ကြောင့် သူတို့သည် အများအတွက်အားကျစရာအတွဲလေးပင်ဖြစ်ခဲ့သေးသည်။ ပြောရလျှင် သူတို့နှစ်ယောက်လုံးသည် တစ်ယောက်အပေါ်တစ်ယောက်လေးစားမှုရှိကာ အချင်းချင်းလည်းအလွန်ဂရုစိုက်ကြလေသည်။

သူတို့နှစ်ယောက်ပြတ်သွားရခြင်းမှာလည်း ကိစ္စကြီးကြောင့်မဟုတ်ပေ။ တစ်ယောက်ပေါ်တစ်ယောက်ရှိနေသောခံစားချက်များသည် ညီအစ်ကိုသံယောဇဉ်လိုဖြစ်နေမှန်း သူတို့ကိုယ်တိုင်ရှာဖွေသိရှိသွားကြသောကြောင့်ဖြစ်လေသည်။ ထိုအချိန်က သူတို့သည် အချင်းချင်းအားနာစိတ်များဖြစ်ကြကာ အချိန်အတော်ကြာထိပင် အခြေအနေအမှန်အား အချင်းချင်းမပြောနိုင်ဖြစ်ခဲ့ကြသေးသည်။ သို့သော် တစ်ယောက်မှသတ္တိမွေးကာပြောလိုက်သော် နှစ်ဖက်လုံးသည်အချင်းချင်းနားလည်မှုရပြီး စိတ်များပေါ့ပါးခဲ့ရသည်။ ရယ်မောသံများပင်ညံခဲ့ရသေးသည်။

ထိုအချိန်မှစ၍နှစ်ဦးသဘောတူလမ်းခွဲလိုက်ကြကာ ယခုကဲ့သို့ဆက်နေနေကြခြင်းဖြစ်လေသည်။ ပြောရလျှင်ဖြင့် သူတို့၏အပြုအမူ၊အပြောအဆိုများသည် နေသားကျနေ၍သာဖြစ်လေသည်။ ဂျောန်ဝွန်းနူသည် ယွန်းဂျောင်ဟန်အားအလွန်ပင်ချစ်လေသည်။ သို့ပေမယ့်အစ်ကိုတစ်ယောက်ကဲ့သို့၊ အိုင်ဒေါလ်တစ်ယောက်ကဲ့သို့ပင်။ ယွန်းဂျောင်ဟန်သည်လည်း ဂျောန်ဝွန်းနူနည်းတူသာ။

ကိစ္စများအားရှင်းလင်းစွာသေချာသိပြီးသော် ဂျိုရှုအာသည်ရယ်ရမလို၊ ငိုရမလိုပင်။ အကြောင်းအရာတစ်ခုလုံးတွင် သူခံစားလိုက်ရသည်မှာ ချဉ်စုတ်စုတ်အရသာပင်။ ယခုအချိန်တွင် သူအလွန်သဝန်တိုနေမိသည်။ သူချစ်ရသောယွန်းဂျောင်ဟန်သည် ထိုကောင်လေးနှင့် ချစ်သူရည်းစားများဖြစ်ခဲ့ဖူးလေသည်။ ယွန်းဂျောင်ဟန်တွင်ပွေရှုပ်တတ်သောအကျင့်မရှိခင်ကတည်းက၊ ယွန်းဂျောင်ဟန်ကိုယ်တိုင်စိတ်ရင်းဖြင့်သဘောကျခဲ့သောသူတစ်ယောက်ဖြစ်လေသည်။ မည်သို့သဘောဖြင့် သဘောကျသည်ဖြစ်စေ ယွန်းဂျောင်ဟန်သည် ဂျောန်ဝွန်းနူအားသဘောကျခဲ့သည်ဟူသော အချက်သည်သာအရေးကြီးလေသည်။

Hot Chocolate Where stories live. Discover now