အပိုင်း(၃၆)

288 34 8
                                    

ဂျိုရှုအာကအရင်ရောက်သွားပြီး ဝင်ဝင်ချင်း မင်ဂယူကိုတွေ့လိုက်ရလေ၏။ အပြင်အဆင်ပိုင်းအရတော့ အမှတ်ပြည့်ပင်။ စိတ်ကူးယဉ်ဆန်ဆန် နွေးနွေးထွေးထွေးခံစားချက်ရသောနေရာလေးပင်။ မင်ဂယူက ပစ္စည်းရှာနေပုံရပြီး တံခါးဖွင့်ရာမှ မြည်လာသော ခေါင်းလောင်းသံကိုပင် မကြားပေ။

ဂျိုရှုအာ၏စနောက်လိုသော ညဉ်လေးပေါ်ထွက်လာပြီး ခြေထောက်ကိုအသာဖော့ကာ ဂင်မ်မင်ဂယူနောက်သို့သွားလိုက်လေသည်။ ဂင်မ်မင်ဂယူလည်း ‌ငုံ့နေရာမှအမတ် ဟိတ်ဟုခြောက်လိုက်လေတော့ အောင်မြင်လှသော အသံကိုကြားလိုက်ရပါ၏။ ဂျိုရှုအာသည် သူ့ညီလေး၏ တုံ့ပြန်ပုံကိုသဘောတကျရယ်လိုက်မိပြီး မင်ဂယူကတော့ ရှုအာမှန်းသိ‌သွားလေတော့ သူကိုယ်တိုင်လည်းရယ်မိကာ ရှုအာအား ပွစိပွစိပြောလေတော့သည်။

"အာ ဟျောင်း လန့်သွားတာပဲ၊ တကယ်ပဲ ဘယ်လိုဖြစ်နေတာလဲ"

ရှုအာသည် ရယ်ရင်းပင် သာမန်ကာလျှံကာပြန်ပြောလိုက်လေသည်။

"အာ အာ အာ ဟုတ်ပြီ ဟုတ်ပြီ ဟျောင်းကပဲတောင်းပန်တယ် ဟုတ်ပြီလား"

"သေသွားရင်ဘယ်လိုလုပ်မလဲ"

ဂျိုရှုအာ အူလှိုက်သည်းလှိုက်ရယ်လိုက်မိပါ၏။ သူခြောက်လိုက်တုန်းက မင်ဂယူက အော်လိုက်ပေမယ့် သူပြောသလောက်လန့်မသွားမှန်း အခုဒရမ်မာချိုးပြီး ပြုံးစိစိ ဖြစ်နေတဲ့မျက်နှာကြီးကိုကြည့်တာနဲ့သိပါ၏။

"မင်းသေသွားရင် မင်းကို ဝေါန်းနူက ငရဲထိပြန်လိုက်ခေါ်လိမ့်မယ်"

"ဟာ ဟုတ်သားပဲ ဟျောင်းနဲ့စကားပြောနေရင်းမေ့သွားတာ ကျွန်တော့်ကိုဝေါန်းနူဟျောင်းက သူ့ဖုန်းရှာခိုင်းထားတာ"

"အေ ငါလည်းမေးမို့ကိုစကားပြောရင်းမေ့သွားတာ၊ ဟျောင်းလည်းရှာကူမယ်လေ"

"ကျေးဇူး ဟျောင်းရေ ရှာမတွေ့ရင် ကျွန်တော်အကြိတ်ခံရမှာ"

မင်ဂယူစကားကြောင့် ဂျိုရှုအာရယ်လိုက်မိပြီး သူလည်းဖုန်းကိုကူရှာပေးလိုက်ပါ၏။

၅မိနစ်လောက်ရှာပြီးလေတော့ ကိတ်ထည့်သောမှန်ကောင်တာ၏ဘေး ပန်းအိုးထဲမှပြန်တွေ့လေသည်။ ပန်းပင်မှသစ်ရွက်ဖြင့် အုပ်နေသောကြောင့် ရှာမတွေ့ဖြစ်နေခြင်းဖြစ်လေသည်။ silent လည်းလုပ်ထားလေရာ သူတို့ခေါင်းတောက်အောင်ရှာပြီးမှသာ မထင်မှတ်ထားသော နေရာ၌တွေ့လိုက်ရလေသည်။ ဖုန်းကိုဂျိုရှုအာကရှာတွေ့ခြင်းဖြစ်ပြီး ကမ္ဘာကိုကယ်တင်လိုက်သော‌သူရဲကောင်းကိုကြည့်သလိုအကြည့်ကိုလည်း မင်ဂယူဆီမှ ခံယူလိုက်ရလေသည်။

Hot Chocolate Where stories live. Discover now