အပိုင်း(၂၀)

273 30 0
                                    

‌ဂျိုရှုအာသည် နိုးနေကျအချိန်တွင်အိပ်ရာမှနိုးလာခဲ့သည်။ သူ့မျက်လုံးနှစ်လုံးကိုအသာဖွင့်လိုက်ချိန်တွင် နုစင်နေသောမျက်နှာလေးအားမြင်လိုက်ရလေသည်။ ယပ်တောင်များအားဖြန့်ချထားသကဲ့သို့ စင်းကျနေသောမျက်တောင်ရှည်များမှာလည်း အလွန်ပင်လှပေလေသည်။ အိပ်ရာနိုးနိုးချင်း ချစ်ရသူ၏မျက်နှာတော်အားမော်ဖူးရသည်မှာလည်း မင်္ဂလာတစ်ပါးပင်။ ဂျိုရှုအာတစိမ့်စိမ့်ဖြင့်ကြည့်နေမိသည်မှာ ယွန်းဂျောင်ဟန်၏မျက်တောင်လေးများ လှုပ်ခတ်လာသည်အထိပင်။

ယွန်းဂျောင်ဟန်သည် မျက်တောင်လေးများပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်စိလေးကိုအသာဖွင့်လာလေသည်။ ဂျိုရှုအာသူ့ကိုကြည့်နေသည်အားမြင်ဝောာ့ ချက်ချင်းပင်သွားတန်းညီညီလေးများပေါ်သည်အထိပြုံးရယ်လိုက်ကာ ဂျိုရှုအာ၏ရင်ခွင်ထဲသို့ခေါင်းလေးတိုးဝင်ပြီး ခါးကိုဖက်လိုက်လေသည်။ ထို့နောက် ဂျိုရှုအာ၏ရင်ဘတ်အား သူ့ခေါင်းလေးဖြင့်ပွတ်ကာ မေးလိုက်လေသည်။

"နိုးနေတာကြာပြီလား ရှုအာ"

အသံလေးသည် အိပ်ရာနိုးခါစမို့ ချစ်စဖွယ်သေးသေးလေးဖြစ်နေပြီး နှာ‌သံလေးပင်အနည်းငယ်ရောနေသလိုပင်။

"အင်း နည်းနည်းကြာပြီထင်တာပဲ"

"ငါ့ကိုအဲလိုကြည့်နေတာကြာပြီပေါ့ ငါ့ကိုရှက်အောင်အရမ်းလုပ်တာပဲနော် ရှုအာ"

ဂျိုရှုအာသည် ယွန်းဂျောင်ဟန်၏အပြုအမူလေးကာ အလွန်ပင်ချစ်စရာကောင်းသည်ဟုခံစားလိုက်ရလေသည်။ သူသည် ထိုထိုးနှက်မှုအားမခံနိုင်ကာ ရင်ခွင်ထဲရှိယွန်းဂျောင်ဟန်၏မျက်နှာလေးအားဆွဲယူကာ မျက်နှာအနှံ့အနမ်းပိစိလေးများအပြည့်ပေးလိုက်လေသည်။ ယွန်းဂျောင်ဟန်သည်တခစ်ခစ်ရယ်လာလေတော့သည်။ သူတို့၏မနက်ခင်းလေးသည်သာယာနေပါ၏။

ထို့နောက် သိပ်မကြာခင်မှာပင် အိပ်ရာမှထလိုက်ကာ အလှည့်ကျသန့်ရှင်းရေးလုပ်၊ရေမိုးချိုးလိုက်လေသည်။ သူတို့နိုးသည့်အချိန်ပင် ၁၀နာရီကျော်နေပြီဖြစ်လေရာ ထမင်းစားရန်ထိုင်လိုက်သည့်အချိန်၌ ၁၁နာရီပင်ကျော်နေပြီဖြစ်လေသည်။ ထို့ကြောင့် ‌အရောင်အသွေးစုံလင်လှသောခေါက်ဆွဲပြုတ်နှစ်ပွဲကိုသာစားလိုက်ကြပြီး ကျောင်းသွားရန်ပြင်လိုက်ကြလေသည်။

Hot Chocolate Where stories live. Discover now