ယွန်းဂျောင်ဟန်နှင့် ဂျိုရှုအာ၏လမ်းခွဲမှုသည် ၁နှစ်နီးပါးခန့်ပင်ရှိသွားပြီဖြစ်လေသည်။ သည်ကြားထဲတွင် ဂျိုရှုအာကတော့ ယွန်းဂျောင်ဟန်အားလက်မလွှတ်နိုင်ဆဲပင်။ အဆက်အသွယ်လည်းမဖြတ်နိုင်ကာ နေနိုင်လို့ရသမျှ သူ့သူငယ်ချင်းဟူသော ဖြစ်တည်မှုနဲ့လည်းကျေနပ်နေ၏။ ထို့အပြင် ယွန်းဂျောင်ဟန်သည်လည်း ဂျိုရှုအာအား အဆက်အသွယ်ဖြတ်၍မနေခဲ့ပါ။
အမြဲတမ်းအဆက်အသွယ်လုပ်တတ်ကာ သူ့အလုပ်မှာ လာလုပ်ရန်ပင်ခေါ်လိုက်သေး၏။ သူတို့သည် Feb၌ ဘွဲ့ယူရမည်ဖြစ်လေရာ ဘွဲ့လက်မှတ်ရရန်တော့ ၂လခန့်လိုသေးလေသည်။ သို့သော်ငြား ယွန်းဂျောင်ဟန်ကြောင့် လွယ်ကူသွားသည်ဟုပဲပြောရမလား၊ ဘွဲ့ယူပြီးသည်နှင့် အလုပ်ဆင်းလို့ရပြီဟု ယွန်းဂျောင်ဟန်ဆီမှကြားသိရလေသည်။ ယွန်းဂျောင်ဟန်နှင့် ပို၍နီးနီးကပ်ကပ်နေနိုင်ဖို့ရာ သူလုပ်ရန်မှာ ဘွဲ့ယူရန်သာ ကျန်တော့လေသည်။
-----
ယနေ့သည် ဘွဲ့နှင်းသဘင်အခမ်းအနားနေ့ဖြစ်လေသည်။ မိဘများသည်လည်း ရင်ဖိုစိတ်လှုပ်ရှားလျက် သူတို့သားသမီးများအား ဂုဏ်ယူစွာကြည့်နေကြလေသည်။
မင်ဂယူနှင့် ဝေါန်းနူတို့သည်လည်း သူတို့အစ်ကိုသုံးယောက်ကိုဂုဏ်ပြုဖို့ သွားကြရန်ပြင်ဆင်နေကြလေသည်။ ရှိုးထုတ်ချင်နေပါသော မင်ဂယူကိုဝေါန်းနူမျက်စောင်းဖြင့်ကြည့်လျက် မနေနိုင်သည့်အဆုံး မင်ဂယူ၏လက်မောင်းအားဆွဲယူကာကိုက်ချလိုက်လေသည်။
Body fit T-Shirt အနက်ဖြင့် ရင်အုပ်တို့သည်မြင်သာလှပါ၏။ ဝေါန်းနူနည်းနည်းမှ မကျေနပ်ပါ။ ဘာကိစ္စများသူကအဲလောက်ပဲများနေရတာလဲ၊ ဆံပင်ကိုလည်းလုပ်မပြီး ဖိနပ်ရွေးရ ဘောင်းဘီရွေးရနဲ့ ဘာဝတ်ဝတ်ထူးတာလည်းမဟုတ်ပဲနဲ့၊ အဲဒီမလိုအပ်ပဲ ထင်းနေတဲ့အရပ်ရှည်ကြီးနဲ့ အချိုးအစားကျလှတဲ့ဝတ်စားပုံတို့ကို ဝေါန်းနူကြည့်လေအမြင်ကပ်လေဖြစ်လေသည်။ ထို့ကြောင့် ကိုက်လိုက်ခြင်းဖြစ်လေသည်။
မင်ဂယူသည် သူ့လက်မောင်းကို တကယ်အားကြီးနဲ့ကိုက်လာပါသော ကြောင်ကလေးကိုအံ့အားသင့်စွာကြည့်လိုက်မိ၏။ သူဘာများလုပ်မိလို့ပါလိမ့်။ နာကလည်းနာသေး ပြန်ကလည်းမပြောရဲသဖြင့် မျက်လုံးဝိုင်းလေးဖြင့်သာ သနားချင့်စဖွယ်ကြည့်လိုက်မိပြီး မဝံ့မရဲမေးမိ၏။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...