ဘယ်လိုပြောရမလဲ၊ ယခုဖြစ်နေတဲ့အခြေအနေတွေအားလုံးက ယွန်းဂျောင်ဟန်အတွက် သက်ရောက်မှုမရှိခဲ့သလိုပင်။ ဘယ်သူပြောတာကိုမျှလည်းစိတ်မဆိုး၊ သူ့လုပ်ရပ်တွေအတွက်လည်း မှားတယ်လို့မခံစားရပေ။
ယွန်းဂျောင်ဟန်သည် ထိုနေ့ကသူပြောခဲ့သလိုပင် ဆိုဖီကိုသူတို့ရှိချိန်တွင်သာ တွေ့ပါသည်။ သက်သက်ခေါ်တွေ့တာမျိုးတော့မဟုတ် သူတို့နှင့်အတူရှိချိန်တွင် ဆိုဖီထပ်ရောက်လာခြင်းပင်။ အကုန်လုံးရှိနေသဖြင့် အံ့ဩသလိုဖြစ်သွားသော်ငြား ဆိုဖီကတော့အေးဆေးပင်။
ဆိုဖီ့ပုံစံက ဘာကိုမှအာရုံမထားတတ်သည့်ပုံစံမျိုးဖြစ်သည်။ ယွန်းဂျောင်ဟန်နှင့်ပင် အနည်းငယ်ဆင်တူနေသေး၏။ သို့သော်ငြား ဆိုဖီအာရုံမထားတတ်ခြင်းသည် ယွန်းဂျောင်ဟန်နှင့် တွေ့နေရလို့ဖြစ်နိုင်၏။
ဂျိုရှုအာတစ်ယောက်လုံးရှိနေသည်ကိုပင် အာရုံမထား၊ အမှုမထား အကြည့်တို့သည် ရဲတင်းလွန်းလှလေသည်။ ယွန်းဂျောင်ဟန်၏ဆိုဖီ့အပေါ်ဆက်ဆံပုံများသည် တရင်းတနှီးဆန်လွန်းလှလေသည်။ ခြေပုတ်ခေါင်းပုတ်ဖြင့် ရုတ်တရက်နှစ်ယောက်တွဲသာမြင်လိုက်ရပါက အတွဲများလိုပင်။ ထိုအရာသည် ဂျိုရှုအာနှလုံးသားကို လီမွန်ရည်ထဲတွင် ထည့်စိမ်ထားသကဲ့သို့ ချဉ်တူးစေလေ၏။
ဆိုဖီသည် ၁ နာရီမျှသာနေသွားသော်ငြား ထိုအချိန်အတွင်းပင် ဆိုဖီနှင့် ယွန်းဂျောင်ဟန်အိမ်သည် မည်မျှအထိ ရင်းနှီးမှုရှိမှန်းသိသာလှပေသည်။ သူ့အိမ်သူယာလိုပင်ဝင်ထွက်နေကာ ယွန်းဂျောင်ဟန်သည်လည်းစိတ်လည်းမထားပေ။
ထိုတနင်္ဂနွေတရက်၏ ၁ နာရီခန့်ကြာချိန်သည် ဂျိုရှုအာအတွက်တော့ အချိန်စက်ဝန်းအတွင်းပင် မရှိစေချင်စေသော အချိန်ဖြစ်လေသည်။
စိတ်ညစ်ရသည့်အထဲ ရယ်ရတာတစ်ခုက ဂင်မ်မင်ဂယူ၏ရုတ်တရက်ထမေးလိုက်သော အမေးပင်ဖြစ်လေသည်။
မင်ဂယူ - " အစ်မက အခုလိုပဲ သူများရည်းစားအိမ်တွေကို လိုက်နေကြလား"
မင်ဂယူ၏စကားကို ဝေါန်းနူက လောင်စာထပ်ဖြည့်လေသည်။
ဝေါန်းနူ - "အယ် မင်ဂယူ သူများကိုအဲလိုမပြောရဘူးလေ အိမ်မရှိလို့နေမှာပေါ့ သူများစိတ်အားငယ်သွားလိမ့်မယ်"
YOU ARE READING
Hot Chocolate
Фанфикသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...