အပိုင်း(၄၉)

295 56 17
                                    

ကံတရားကဆန်းကြယ်တယ်လို့ ယွန်းဂျောင်ဟန်က အမြဲတမ်းတွေးနေခဲ့မိသည်။ ဂျိုရှုအာကို ချစ်သည်ဟူသောခံစားချက်သည် သူ့ရင်ထဲဘယ်အချိန်တုန်းကအမြစ်တွယ်ခဲ့သလဲ သူမသိ။ ဂျိုရှုအာသူ့ကို ဖိနပ်ကြိုးချည်ပေးတုန်းကလည်းဖြစ်နိုင်သည်။ ချောကလက်ပူပူလေးများဝယ်တိုက်ခဲ့တုန်းကလည်းဖြစ်နိုင်သည်။ အတူတူလျှောက်လည်ခဲ့တုန်းကလည်းဖြစ်နိုင်သည်။ ရေခဲမုန့်စားတုန်းကလား၊ အကြည့်တွေကိုမရှောင်ခဲ့မိတုန်းကလား။ အနမ်းတွေကြောင့်ပဲလား။ သူအမြဲတမ်းတွေးခဲ့ဖူးပေမယ့် အဖြေကိုရှာမရခဲ့ဘူး။ ချစ်တယ်ဆိုတာကိုသတိထားမိချိန်မှာတော့ အဲ‌တာတွေဟာလည်း တွေးနေရင်းနဲ့ပဲအရေးမပါတော့ဘူးဆိုတာ သိလာရတာပါပဲ။ ချစ်တယ်ဆိုတဲ့ခံစားချက်ကသာအရေးအကြီးဆုံးပဲလေ။

မိုးရာသီနေ့ရက်တရက်မှာ ယွန်းဂျောင်ဟန်က ဂျိုရှုအာရဲ့အလုပ်ကိုလိုက်မသွားခဲ့ဘူး။ အဲနေ့က သူမအားနေခဲ့လို့။ သူ့ရဲ့အားလပ်တဲ့အချိန်တွေကို ဂျိုရှုအာကိုသာ အလုံးစုံပေးခဲ့ပြီး အချိန်မရရင် ရအောင်ညှစ်ထုတ်ကြည့်ခဲ့သည်။

သူကလူတစ်ယောက်ကိုဘယ်လိုချစ်ပေးရမလဲဆိုတာ သေချာမသိတဲ့သူတစ်ယောက်၊ သူဆိုတာကသဘောကျတယ်ဆိုတဲ့ အခိုက်အတန့်မှာပဲရပ်တန့်နေခဲ့တဲ့သူတစ်ယောက်၊ အချစ်ကိုထိတွေ့ရချိန်မှာ ဘယ်လိုလုပ်မှ ချစ်တယ်ဆိုတဲ့ပုံရိပ်ဖြစ်တည်လာနိုင်လဲ သူမသိတော့ဘူး။ သူလုပ်နိုင်တာက ဂျိုရှုအာအပေါ်ကောင်းပေးနေတာတစ်ခုပဲ။

ကောင်းပေးနေတာတွေကမလုံလောက်တာမဟုတ်ပဲ သူဖြစ်နေလို့ ခေါင်းထဲထည့်မခံရတာလို့တွေးမိတော့လည်း ယွန်းဂျောင်ဟန်ကခပ်ငိုင်ငိုင်ဖြစ်သွားမိသည်။

ရွာသွန်းနေတဲ့ မိုးရေစက်တွေကိုလည်းတိုင်တည်မိသည်။ ဂျိုရှုအာစိတ်တွေသူ့အပေါ်ပြန်လည်သက်ရောက်လာပါစေဆိုပြီးတော့ပေါ့။ ဂျိုရှုအာယုံအောင်ဘယ်လိုလုပ်ရမလဲသူမသိဘူး။ အလုပ်တွေပြီးသွားတဲ့ချိန်မှာလည်း အရင်လိုရှုအာနား သူမသွားမိ။ ဂျိုရှုအာကသူ့ကို မုန်းနေပြီဆိုရင်ရောဘယ်လိုလုပ်မလဲ။ ဒီတရက်တော့ သူရှုအာကိုမနှောင့်ယှက်တော့ဘူးလို့တွေးလိုက်တယ်။

Hot Chocolate Where stories live. Discover now