အပိုင်း(၅၃)

287 47 9
                                    

ဒီနေ့က သူတို့ရည်းစားသက်တမ်း ရက်(၁၀၀)ပြည့်။ ယွန်းဂျောင်ဟန်က ဖုန်းမှ noti barကိုခဏခဏကြည့်မိနေလေသည်။ သူသည်လည်း အသက်၃၀နီးမှ အထက်တန်းကျောင်းသူလေးတစ်ယောက်လိုဖြစ်နေတော့သည်။ ရက်ရေတွက်သည့် appတစ်ခုဖုန်းထဲထည့်ထားမိပြီး သူတို့ရဲ့ ရည်းစားသက်တမ်းကိုရေတွက်စေသည်။ ပြုံးစိစိဖြင့် ဖုန်းကိုခဏခဏကြည့်မိနေတော့ သူ့ကိုယ်သူပင်မလုံမလဲဖြစ်လာလေ၏။ မလုံမလဲဖြစ်ဆို အခုကအစည်းအဝေးခန်းထဲမှာလေ။ အလုပ်ကိုလည်းအာရုံစိုက်နေပေမယ့် ဖုန်းကိုမကြည့်ပဲလည်းမနေနိုင်။

သူနဲ့ရှုအာက ရက်၁၀၀တောင်ရှိသွားပြီ ဟီးဟီး။ ဒီရက်၁၀၀အတွင်းမှာ ရှုအာကအများကြီးပြောင်းလဲသွားပါ၏။ ရည်းစားဖြစ်ခါစကလို အေးတိအေးစက်မဟုတ်တော့ပဲ ဟိုးအရင်ကလို အခြေအနေနီးပါးပြန်ဖြစ်လာ၏။ စကားပြောလည်းပေါ့ပါးလာကာ အရမ်းကိုပျော်စရာပင်။ ရည်းစားကချစ်တော့ ဘာနေနေပျော်စရာချည်းပါပဲ။

ဘာလိုလိုနဲ့အစည်းအဝေးတောင်ပြီးသွားပြီဖြစ်လေသည်။

"ဒုဥက္ကဌယွန်း ရုံးခန်းကိုလိုက်ခဲ့"

သူ့အဖေ ဥက္ကဌကြီး၏အမိန့်သာဖြစ်လေသည်။ ရုပ်တည်ကြီးဖြင့်ပြောချလာသဖြင့် ယွန်းဂျောင်ဟန်နည်းနည်းတော့လန့်လေသည်။ အစည်းအဝေးချိန်ကြီး သူတအားစည်းလွတ်ဝါးလွတ်နေမိလို့ ဆူမလို့ထင်တယ်။

ရုံးခန်းထဲသို့ရောက်သော် ဆိုဖာပေါ်ထိုင်ခိုင်းလေသည်။ ယွန်းဂျောင်ဟန်၏အဖေကိုယ်တိုင်လည်းထိုင်ချလိုက်ပြီး စကားပြောလာလေသည်။ ယွန်းဂျောင်ဟန်ကတော့ စိတ်ကိုအသင့်ပြင်ထားလေသည်။ ဆူပြောတာကိုခံနိုင်ဖို့။

"ကဲ အဲတော့ ပြန်အဆင်ပြေသွားပြီပေါ့"

ပြုံးစစမျက်နှာပေးဖြင့်ပြောလာတော့ အဖေ့ကြောင့် ယွန်းဂျောင်ဟန်ကြောင်အသွားလေသည်။

"အလုပ်တအားကြိုးစားတဲ့ငါ့သားက ခုတလော အလုပ်အပြင်တခြားစိတ်ဝင်စားစရာတွေ့နေသလိုပဲမို့လေ အဖေသတိထားကြည့်ရသလောက်တော့ အမြဲဖုန်းကိုကြည့်နေပြီး ခုဏကအစည်းအဝေးမှာတောင် ဖုန်းကိုခဏခဏထုတ်ကြည့်ပြီး ပြုံးနေတာမလား ငါ့သားကပုံမှန်ဆို အလုပ်မှာမျက်နှာတည်တယ်လေ"

Hot Chocolate Where stories live. Discover now