မနက်နေရောင်ခြည်နွေးနွေးက လိုက်ကာစကိုဖြတ်၍ မျက်နှာနုနုပေါ်ကိုကျရောက်လာတယ်။ အချိန်တစ်ခုကြာတော့ ထိုမျက်နှာပိုင်ရှင်က မခံနိုင်စွာ နိုးသွားတော့တယ်။ ဂျိုရှုအာရဲ့တနေ့တာက ဒီလိုနိုးထလာရပေမယ့် သူ့စိတ်တွေကြည်လင်နေပါ၏။ အကြောင်းမှာ ရင်ခွင်ထဲမှ ချစ်ရည်းစားလေးကြောင့်ပင်။
မနေ့က သူ့ဆီခေါ်လိုက်ပြီး ညစာစားကြသည်။ ပြီးနောက် ယွန်းဂျောင်ဟန်က ဂျိုရှုအာဒီနေ့သူ့အဖေနဲ့တွေ့ရတာ ပင်ပန်းသွားတာမလို့ သူစောင့်ရှောက်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ညအိပ်သွားလေသည်။ ဂျိုရှုအာကတော့ မတတ်သာလို့လိုက်လျောရတဲ့ပုံစံလုပ်လိုက်ပေမယ့် တကယ်တမ်းကျ ပျော်နေတာလေ။
သူ့ဘက်လှည့်လျက် သူ့လက်မောင်းပေါ်အိပ်နေခြင်းဖြစ်သည်မို့ ယွန်းဂျောင်ဟန်၏ဆံပင်တို့က မျက်နှာကိုအနည်းငယ်အုပ်နေလေသည်။ ဂျိုရှုအာက နိုးသွားမည်လည်းကြောက်၊ မျက်နှာလေးလည်းမြင်ချင်လှသည်မို့ အုပ်နေသောဆံပင်တို့ကို အသာအယာသပ်တင်ပေးလေသည်။ ထို့နောက် မရည်ရွယ်ပါပဲ စိုက်ကြည့်နေမိပါ၏။ သူ့ဘဝတွင် ကြုံခဲ့ဖူးသော အကောင်းဆုံးအဖြစ်အပျက်တွေထဲမှတစ်ခုသည် ယွန်းဂျောင်ဟန်နှင့်ဆုံတွေ့ခဲ့ရခြင်းပင်။
ဘုရားသခင်က ယွန်းဂျောင်ဟန်ကိုဖန်တီးခဲ့တုန်းက စိတ်လက်ကြည်သာခဲ့သည်ထင်ပါ၏။ အနုစိတ်ဖြင့် ချောမောသလို လှပပေသည်။ ချစ်စရာလည်းကောင်းသလို ခန့်လည်းခန့်ညားလှပေသည်။ သူတို့ခန္ဓာကိုယ်နှစ်ခုကြားရှိ ယွန်းဂျောင်ဟန်၏လက်လေးတဖက်ကိုဆွဲယူကာ မြတ်မြတ်နိုးနိုးနမ်းရှိုက်မိပါ၏။ အစပျိုးလိုက်မိတော့လည်း မရပ်တန့်နိုင်တော့ပေ။
မျက်ခွံလေးများကိုလည်း နမ်းမိသလို ပါးပြင်နုနုကိုလည်းနမ်းမိပြန်ပါ၏။ နှုတ်ခမ်းပါးတို့ကတော့ အနေအထားမမှန်နေ၍ နမ်းခွင့်မရှိနေပါ။ ထိုအစား မျက်နှာတပြင်လုံးကိုသာ တို့စိတို့စိအနမ်းများ ကြဲချလိုက်ပါ၏။ နောက်ဆုံးတော့ မျက်ခွံလေးတွေ တလှုပ်လှုပ်ဖြစ်လာပြီး မျက်မှောင်ကြုတ်လာတာကိုလည်းမြင်လိုက်ရလေသည်။ သူအရမ်းနှောင့်ယှက်နေလို့ထင်ပါရဲ့။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...