ဂျိုရှုအာသည် ယွန်းဂျောင်ဟန်က မထွက်နဲ့ဟုပြောသဖြင့် ထိုနေရာ၌သာစောင့်နေလေသည်။ သူဘာကိုစောင့်နေတာလဲဆိုလျှင်တော့ ယွန်းဂျောင်ဟန်ကိုစောင့်နေသည်သာဖြစ်လေသည်။ ယွန်းဂျောင်ဟန်ရောက်လာမည်မှန်းသူသိပါသည်။ သူထင်သည့်အတိုင်းပင် ၁၅မိနစ်ခန့်ကြာပြီးနောက် ယွန်းဂျောင်ဟန်သည် အပြေးအလွှားအမောတကောဖြင့် ရောက်လာလေသည်။
အလွန်မောနေဟန် ဂျိုရှုအာ၏လက်မောင်းအား အားပြုကိုင်ထားကာအမောဖြေနေလေသည်။ ဂျိုရှုအာသည်လည်း ထိန်းကိုင်ပေးထားကာ ထိုင်ခုံရှိရာသို့ခေါ်သွားကာ အမောဖြေစေသည်။
"ဂျောင်ဟန်ရာ ဖြေးဖြေးလာတာမဟုတ်ဘူး"
ဂျိုရှုအာကစိုးရိမ်ဟန်ဖြင့်ပြောလေတော့ အနည်းငယ်အမောပြေလာသောယွန်းဂျောင်ဟန်က နံရံဘက်သို့မှီချကာ ဂျိုရှုအာဘက်ခေါင်းငဲ့လျက်ပြောလာလေသည်။
"မင်းကတောင် ငါ့အတွက်ဒီမှာရှိနေတာ ငါကလည်း မင်းအတွက်ပြေးလာရမှာပေါ့"
ယွန်းဂျောင်ဟန်ကပြုံးလျက်ပြောလာလေတော့ ဂျိုရှုအာသည် ယွန်းဂျောင်ဟန်၏ဆံပင်များကိုသပ်တင်ပေးနေရင်း သူပါပြုံးလိုက်မိလေသည်။
"မင်းရဲ့ရည်းစားကိုပဲ အဲလိုအပြောလေးတွေနဲ့ချုပ်ပါကွာ"
"ငါ့မှာရည်းစားမရှိတော့ဘူး မနက်ကတင်ပြတ်သွားပြီ"
"မင်းမှာရည်းစားမရှိလည်း နောက်ရည်းစားအတွက်ထားထား ဟုတ်ပြီလား"
ယွန်းဂျောင်ဟန်ကစကားထပ်ပြောရန် ပြင်နေသဖြင့် ဂျိုရှုအာကပိတ်ပြောလိုက်လေသည်။
"တော်ပြီ မပြောနဲ့တော့ အရင်အမောဖြေဦး ငါရေသွားယူလိုက်ဦးမယ် ထိုင်နားနေ"
ပြောပြီးသည်နှင့် လူရွေးပွဲလာသူများနှင့် ပြဇာတ်အတွက်ပြင်ဆင်နေကြသူများသောက်ရန် ပြင်ဆင်ပေးထားသော ရေဘူးများထဲမှတစ်ဘူးသွားယူလာလိုက်လေသည်။ အဖုံးကိုပါတခါတည်းဖွင့်ကာ ယွန်းဂျောင်ဟန်သောက်ရန်တခါတည်းပေးလိုက်လေသည်။
သူတို့ကိုသွယ်ဝှက်တစ်မျိုး၊ ပေါ်တင်တစ်မျိုးကြည့်နေသောသူများကိုလည်းသူသတိထားမိပါ၏။ သူတို့ဟန်ဆောင်တွဲစဉ်ကပင် သူတို့အား ရေရှည်တွဲစေလိုသောသူများရှိခဲ့လေသည်။ ပြတ်သွားသည်ဟုသတင်းကြားကြတော့ စိတ်မကောင်းကြောင်းစာများပေးပို့သည်များလည်း ရှိခဲ့ပေသည်။ သူနှင့်ယွန်းဂျောင်ဟန်ကြားက ဘယ်အရာကိုခံစားမိကြသည်မသိ။ ယခုလည်းပြန်တွဲစေချင်သည့်သူများရှိကြောင်းလည်း သူသိနေပြန်ပါသည်။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...