အပိုင်း(၂၇)

264 35 4
                                    

ဂျိုရှုအာ၏ဆန္ဒများပြည့်သည်ဟုပင် ပြောရမည်လား မသိ။ သူတညလုံး တရေးမှအိပ်မပျော်ပါ။ ဟိုတွေးဒီတွေးနှင့် ရည်းစားပူမိနေခြင်းဖြစ်ပေသည်။ နာရီကိုကြည့်လိုက်မိလေတော့ ၇နာရီပင်ထိုးခါနီးနေပြီဖြစ်လေသည်။

အိပ်ယာမှထကာ ကိုယ်လက်သန့်စင်‌၍ ‌ရေပါတခါတည်းချိုးလိုက်လေသည်။ ရေချိုးလိုက်လေတော့ အိပ်မပျော်၍ငြီးစိစိဖြစ်နေခြင်းလည်း အနည်းငယ်တော့လျော့သွားလေသည်။အချိန်လည်းသိပ်မစောတော့သည်မို့ မနက်စာစား၊ အိမ်မှသူများအားနှုတ်ဆက်ကာ အိမ်မှထွက်လာလိုက်လေသည်။

ယွန်းဂျောင်ဟန်ကစိတ်ဆိုးနေသော်ငြား သူကတော့လုပ်စရာရှိတာလုပ်ရမည်ပင်။ ချောကလက်ပူပူလေးတခွက်ဝယ်ကာ ယွန်းဂျောင်ဟန်အိမ်သို့အရင်ဝင်လိုက်လေသည်။ ယွန်းဂျောင်ဟန်အိမ်သို့ရောက်လေတော့ ဖုန်းတော့တချက်ခေါ်လိုက်လေသည်။ မဆက်ရဲသော်လည်း အိမ်ရှေ့ရောက်နေပြီဖြစ်ကြောင်းတော့ အသိပေးမှရမည်ပင်။ သို့သော်လည်း ထင်သည့်အတိုင်းပင်။ ယွန်းဂျောင်ဟန်သည်ဖုန်းမကိုင်ပေ။

သူလည်း ကားအပြင်၌ထွက်ရပ်နေကာ ချောကလက်ခွက်အားကိုင်ရင်းပင် ယွန်းဂျောင်ဟန်ထွက်အလာကိုစောင့်နေလိုက်လေသည်။

သိပ်မကြာလိုက်၊ ဆယ်မိနစ်ခန့်လောက်နေတော့ ယွန်းဂျောင်ဟန်သည် အိမ်ပြင်ထွက်လာလေသည်။ ဂျိုရှုအာကိုမြင်လေတော့ တချက်ကြည့်လိုက်ပြီး လက်ထဲမှ ချောကလက်ခွက်ကိုလည်းမြင်သွားလေသည်။

ယွန်းဂျောင်ဟန်သည် ဂျိုရှုအာဆီသို့တည့်တည့်လျှောက်လာပြီး ဂျိုရှုအာလက်ထဲမှ ချောကလက်ကိုယူလိုက်ကာ နောက်ခန်းတွင်သွားထိုင်လေသည်။

ဂျိုရှုအာကတော့ သူဝယ်လာပေးသော ချောကလက်ကိုယူသောက်တာနဲ့တင်ပြုံးမိလေသည်။ သူ့ရည်းစားလေးက သူ့ကိုချက်ချင်းစိတ်မပြေနိုင်မှန်းသူသိပါသည်။ သို့သော်လည်း ခုလိုလေး သူမောင်းတဲ့ကားပေါ်စီး၊ သူဝယ်ပေးတဲ့ချောကလက်ကို သောက်တာနဲ့တင် သူစိတ်ချမ်းသာရပါသည်။

သူလည်း အပြုံးတို့ဖြင့်ပင် ကားပေါ်တက်လိုက်ကာ ချွဲဆွန်းချောလ်အိမ်သို့‌သွားလ်ုက်လေသည်။ ဂင်မ်မင်ဂယူနှင့် ဂျောန်ဝေါန်းနူတို့ကတော့ ဒီနေ့သူတို့နှင့်အတန်းချိန်မတူသဖြင့် တူတူမသွားရပေ။ မကြာမီတွင် ချွဲဆွန်းချောလ်အိမ်သို့ရောက်လေတော့ ချွဲဆွန်းချောလ်သည် ပုံမှန်အတိုင်းပင် နောက်ခန်းတံခါးကိုဖွင့်လိုက်လေသည်။

Hot Chocolate Where stories live. Discover now