အပိုင်း(၅၂)

311 50 8
                                    

‌မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေ‌ဟာ လေအဝှေ့မှာလွင့်စဉ်လို့ မျောပါကုန်တယ်။ ဆေးလိပ်သောက်နေတဲ့ဂျိုရှုအာကိုကြည့်ပြီး ယွန်းဂျောင်ဟန်က အံ့အားသင့်မှုတို့ကို ကွယ်ဝှက်ထားတယ်။ သူ့လူဟာ ဆေးလိပ်သောက်တတ်တယ်လို့ သူမှမသိခဲ့ပဲ။

ဆေးလိပ်သောက်ဖြစ်ခဲ့တဲ့အကြောင်းအရာက ယွန်းဂျောင်ဟန်ဆိုတာကိုလည်း ဂျိုရှုအာက ဒီတသက်ပြောပြဖို့စိတ်ကူးမရှိပါချေ။

သူတို့ကအခုဘားတစ်ခုမှာ လာဒိတ်နေတာလေ။ ရက်သတ္တပတ်တစ်ခုကို‌ ကျော်လွန်ပြီးတဲ့နောက်မှာ အလုပ်တွေလည်း‌အတော်အတန်ပါးနေတယ်။ အလုပ်ပါးတာက ယွန်းဂျောင်ဟန်ပါပဲ။ အရေးတကြီးအလုပ်မရှိသေးတာ။ ဂျိုရှုအာကတော့ အလုပ်သိပ်မပျက်၊ အမြဲရိုက်ကွင်းတစ်ခုမဟုတ်တစ်ခုရှိနေတတ်တယ်၊ eventတွေလည်းသိပ်မပျက်။ အဲတော့ သူတို့‌တခါတွေ့ဖို့ဆို အချိန်မနည်းလုရတယ်။

အဲလိုနဲ့ပဲ အခုတွေ့လို့ရတဲ့ချိန်မှာ တွေ့လို့ကောင်းမယ့်နေရာရှာတော့ ဆိတ်ငြိမ်ပြီး လူသိနည်းတဲ့ rooftop bar လေးတခုကို သွားတွေ့တယ်။ ‌barပိုင်ရှင်ကလည်း ဝါသနာအရဖွင့်ထားပုံရတယ်၊ socialမှာ ‌တင်ခွင့်မရှိဘူး၊ ပုံရိုက်ခွင့်မရှိဘူးဆိုတဲ့ ထူးထူးဆန်းဆန်းစည်းမျဉ်းတွေနဲ့လေ။ ဆက်ဆံရေးကလည်းသိပ်မကောင်းဘူး။ ဒါကြောင့်ပဲ လူကမရှိသလောက်ကိုနည်းနေတာ။ ယွန်းဂျောင်ဟန်တို့နှစ်ယောက်အပြင် တခြားသုံးလေးယောက်သာရှိလေးသည်။ သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ညရှုခင်းက ကြည်နူးဖွယ်ကောင်းလှပေသည်။

ယွန်းဂျောင်ဟန်တို့တောင် အသိရဲ့အသိ၊အသိ ဆိုသောတဆင့်ခံများဆီမှ ဒီ barကိုသိလာရခြင်းဖြစ်လေသည်။ ကံကောင်းတယ်ပဲပြောရမှာပေါ့။ ဂျိုရှုအာအတွက်ကျ ဒီလိုလူမသိသူမသိနေရာကသာအကောင်းဆုံးလေ။

ဂျိုရှုအာကဆေးလိပ်ကိုဖွာရှိုက်နေပြီး ယွန်းဂျောင်ဟန်ကတော့ ‌လက်ပေါ်ခေါင်းတင်ကာထောက်ထားလျက် ဂျိုရှုအာကိုကြည့်နေ‌မိလေ၏။ ဂျိုရှုအာသည် ဘယ်လက်ဖြင့်ဆေးလိပ်သောက်နေပြီး ညာလက်ကတော့ ယွန်းဂျောင်ဟန်လက်ကိုကိုင်ထားခြင်းဖြစ်လေသည်။ လေထုသည် ပျော့ပြောင်းနေလျက်။ သူတို့သည် ဒီအခြေအနေကိုနှစ်ခြိုက်နေကြပြီး ‌နှစ်ယောက်လုံးစကားတခွန်းမှမ‌ပြောမိကြ။

Hot Chocolate Where stories live. Discover now