အပိုင်း(၅၀)

300 57 6
                                    

ယွန်းဂျောင်ဟန်ကိုးရီးယားကိုပြန်ရောက်လာပြီဖြစ်လေသည်။ ‌သူဒီ၂ပတ်အတွင်း အလုပ်တွေဖိလုပ်ခဲ့သည်။ မလိုအပ်သည့်အလုပ်တွေကိုပါ ရှာကြံလုပ်ခဲ့ရသည်။ သို့ပေမယ့်လည်းအချည်းနှီးသာ။ တွေးလေလေ သူ ဂျိုရှုအာကိုလက်မလွှတ်နိုင်လေဆိုတာ သိလာလေပင်ဖြစ်လေသည်။

ဒါပေမယ့်လည်းယခုတော့ သူကြောင်တောင်တောင်နဲ့ ချွဲဆွန်းချောလ်ဆိုင်ရောက်နေရလေသည်။ ဖြစ်စဉ်မှာ သူကိုးရီးယားပြန်ရောက်ပြီးညတွင် ချွဲဆွန်းချောလ်ထဲမှ ဖုန်းတကောလ်လက်ခံရရှိခဲ့သည်။ "ဟျောင့် မနက်ဖြန်ဆိုင်လာခဲ့ဦး မအားလည်းအားအောင်လုပ်ပြီးလာ" အဲလိုတခွန်းပြောပြီး ချက်ချင်းချသွားတာ၊ ယွန်းဂျောင်ဟန်ခမျာ ပြန်ဆဲချိန်တောင်မရလိုက်ဘူး။

သူလည်းအရေးတကြီးအလုပ်မရှိတာနဲ့ ဘာမှမတွေးတော့ပဲ လာခဲ့လိုက်တာ။ ဒီရောက်တော့ ငုတ်တုတ်။ ဆိုင်ကဘယ်သူမှလည်းမအားကြပဲနဲ့။

‌customerစားပွဲမှာတောင် ထိုင်ခွင့်မရှိပုံများ၊ ဆိုင်အပေါ်ထပ်သူတို့နေတဲ့နေရာမှာ လာထိုင်နေရတဲ့အဖြစ်။ ဘယ်သူမှလည်းမအားပဲ ဘာကိစ္စ သူ့ခေါ်ရတာတုန်း။

၁၅မိနစ်လောက်နေတော့ မင်ဂယူအပေါ်ရောက်လာလေသည်။ သူ့ဆီလာတာမဟုတ်ပဲ သူ့ဘာသာသူပစ္စည်းတစ်ခုလာယူခြင်းသာ။ သူ့ကိုအဖက်မလုပ်ပဲ အောက်ပြန်ဆင်းတော့မယ့် မင်ဂယူကိုလည်း အသည်းအသန်လှမ်းခေါ်ရသေးသည်။

"မင်ဂယူ မင်ဂယူ မင်းတို့ကောင်တွေအလုပ်တအားရှုပ်နေတာလား"

"ဟုတ်တယ်ဟျောင်း ဒီနေ့ဆိုင်ကလူနည်းနည်းကျနေလို့"

"အဲတာဆို ငါကဆက်စောင့်နေရမှာလား ပြန်ရမှာလား"

"ထိုင်ပါဦးဟျောင်းကလည်း ဘာတွေလော"

"F*ck ငါထိုင်နေတာ နာရီဝက်လောက်ရှိနေပြီကွ မင်းတို့မအားပဲ ငါ့ခေါ်ပြီးဘာလုပ်တာလဲကွာ ပြန်ရောက်ကတည်းကရှုအာမျက်နှာလေးတောင်မမြင်ရသေးပါဘူးဆို"

"ဟျောင်း ဟျောင်းကိုတစ်ခုပြောပြမယ် ဟျောင်းဒီမှာဆက်ထိုင်နေလို့ နောင်တရစရာကိစ္စရှိလာမှာမဟုတ်ဘူးနော်"

Hot Chocolate Where stories live. Discover now