မရေမရာခံစားချက်များဖြင့် ဂျိုရှုအာသည် အိမ်ပြန်ရောက်လာခဲ့သည်။ ပြန်ရောက်လျှင်ဖုန်းဆက်မည်ဟု ယွန်းဂျောင်ဟန်အားပြောခဲ့ပါသော်လည်း တကယ့်လက်တွေ့တွင်တော့ စာသာပို့လိုက်မိလေသည်။ သူ၏အတွေးတို့သည် ယွန်းဂျောင်ဟန်၏အသံကိုကြားမိပါက တစုံတခုအားအဖြေရှာမိမည်စိုးသောကြောင့်ပင်။ ယွန်းဂျောင်ဟန်ပြန်ဖြေလာသော အဖြေတို့သည် သူ၏ခံနိုင်ရည်ကိုမည်မျှအထိ ထိပါးနိုင်မည်မှန်း သူမတွေးရဲ။ ထို့ကြောင့်စာသာပို့လိုက်မိလေသည်။
ဆွန်းချောလ်တို့နှင့်တွေ့ပြီး ယခုမှအိမ်ပြန်ရောက်သည်မို့ ဟိုတွင်နေစဉ်က မလျှော်ဖြစ်ခဲ့သော အဝတ်တို့အား လျှော်လှမ်းကာ အိမ်သန့်ရှင်းရေးပါတခါတည်းဆက်လုပ်လေသည်။ သူ့အတွေးတို့အား ရှင်းလင်းရန် သူမအားလပ်နေမှရမည်ပင်။
--
တနေကုန်မနားမနေ အတွေးများရှင်းထုတ်ရန် အလုပ်များဆက်တိုက်လုပ်နေသဖြင့် အိမ်ကတော့အတော်ရှင်းသွားလေသည်။ အဘွားကတော့နားနေပါရန် တနေကုန်တဖွဖွပြောပေမယ့်လည်း အလုပ်လုပ်ရင်းအရှိန်ပါသွားသဖြင့် ဘာအတွေးမှမရှိတော့သော်ငြား ကြမ်းတိုက်တာအထိပါလုပ်ပြီးသွားလေသည်။ နေ့တပိုင်းနှင့် လုပ်နိုင်တာမှန်သမျှလုပ်ပြီးသွားသော် ရေချိုးကိုယ်လက်သန့်စင်လိုက်လေသည်။ ထို့နောက် အိပ်ရာခဏလှဲရင်း ပင်ပန်းကာအိပ်ပျော်သွားလေတော့သည်။
တနေကုန်ဦးနှောက်လည်းတွေးရ၊ လူကလည်းအလုပ်လုပ်လိုက်သဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။ သူပြန်နိုးလာချိန်တွင် နာရီကြည့်လိုက်သော် ည၉နာရီခန့်ပင်ရှိသွားပြီဖြစ်လေသည်။ ညနေ ၆နာရီကျော်လောက်တွင် အိပ်ပျော်သွားသည်မို့ ၂နာရီကျော်ကျော်ပင် အိပ်မောကျသွားခြင်းဖြစ်ပေသည်။ သူနိုးသည့်အချိန်နှင့် အချိန်ကိုက် ယွန်းဂျောင်ဟန်ဆီမှဖုန်းဝင်လာလေသည်။
ဖုန်းဝင်လာသည်ကိုမြင်မှသာ နေ့ခင်းတုန်းကအဖြစ်အပျက်တို့အားပြန်သတိရသွားမိလေသည်။ သို့သော်လည်း စိတ်ကိုအတတ်နိုင်ဆုံးရှင်းထားပြီးပြီမို့ ဖုန်းကိုင်လိုက်လေသည်။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...