အပိုင်း(၄၇)

310 53 8
                                    

ဂျိုရှုအာ၏အောင်မြင်မှုတွေကတရိပ်ရိပ်တက်လာခဲ့သည်။ model showများ brandများ၏ကမ်းလှမ်းတာကိုလည်း တဖြည်းဖြည်းလက်ခံခဲ့ရလေသည်။ အသက်အရွယ်အရကွာခြားချက်များလည်းရှိသေးသည်မို့ ဂျိုရှုအာသည် ထိပ်ဆုံးတစ်ယောက်တော့မဟုတ်။ သို့ပေမယ့် ထိပ်တန်းတော့ဝင်နေဆဲပင်။

မြို့ထဲရှိ အထင်ကရနေရာများထဲမှ ကြော်ညာဘုတ်များတွင်ပါဝင်လာသလို LED board များတွင်လည်း အနည်းနဲ့အများတော့နေရာယူလာနိုင်လေသည်။ နာမည်ကြီး brandများ၏ သံတမန်ခန့်အပ်ခြင်းလည်းခံခဲ့ရလေသည်။ fashion showများစွာလည်း တက်ရောက်နေပြီဖြစ်လေသည်။ အင်တာဗျူးများလည်း ဖြေရသလို talk showများ၊ variety showများတွင် ပါဝင်ရလောက်တဲ့ထိ နာမည်ကြီးလာခဲ့သည်။ ဒါတွေသည် ဝုန်းကနဲတက်လာသည့်အောင်မြင်မှုတော့မဟုတ်။ တရိပ်ရိပ်တက်လာခြင်းပင်။

ယွန်းဂျောင်ဟန်သည် ဂျိုရှုအာနှင့်ပတ်သက်သမျှ အစီအစဉ်တိုင်းကိုကြည့်သည်။ မဂ္ဂဇင်းတိုင်းကိုဝယ်လေသည်။

Yoon sports company ၏ဒုက္ကဌလေး ယွန်းဂျောင်ဟန်သည် model J၏ fanဖြစ်ကြောင်း လူတကာနီးပါးသိကြလေသည်။ ယွန်းဂျောင်ဟန်ကိုယ်တိုင်လည်း စီးပွားရေးနှင့်ဆိုင်သည့် တချို့အစီအစဉ်များတွင် ပါဝင်ရသည်မို့ ထိုမှတဆင့် သူကပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း အမြဲလိုလို ဆိုင်ဆိုင်မဆိုင်ဆိုင်ထည့်ပြောလေသည်။

ဒီကြားထဲတွင် ဂျိုရှုအာသည် cover songတချို့ကို သူ့ YouTube channel တွင် တင်သည့်အကျင့်ရှိလာလေသည်။ အသံချိုအေးအေးလေးကြောင့် fanတွေလည်းတိုးလာခဲ့ပါ၏။

ယွန်းဂျောင်ဟန်နှင့် ဂျိုရှုအာသည်တော့ တိုက်ရိုက်တွေ့ဆုံရသည်ကရှားလှသည်။ ယွန်းဂျောင်ဟန်တို့ ကုမ္ပဏီဘက်မှ အလုပ်ရှိကြမှ တွေ့ဖြစ်ကြလေသည်။ တခါတလေတွင်တော့ ကုမ္ပဏီညစာစားပွဲတွင် ယွန်းဂျောင်ဟန်က ဂျိုရှုအာကို ထိုင်စောင့်နေတတ်သေးသည်။ အချိန်တွေဟာ အကျိုးမရှိကုန်ဆုံးမြဲကုန်ဆုံးနေပါ၏။

ဒီနေ့သည်လည်း အကျဉ်းရုံး ကုမ္ပဏီညစာစားပွဲဖြစ်လေသည်။ ဂျိုရှုအာပင်တိုင်မော်ဒယ်လုပ်ပေးသော ထုတ်ကုန်သည် အောင်မြင်သည်ထက်အောင်မြင်သွားသောကြောင့် ဂုဏ်ပြုကြခြင်းဖြစ်လေသည်။

Hot Chocolate Where stories live. Discover now