ဒီတပတ်ပိတ်ရက်၊သဘက်ခါကျရင် ယွန်းဂျောင်ဟန်က နယ်ဘက်ကို အလုပ်ကိစ္စဆွေးနွေးဖို့ ဖောက်သည်နဲ့သွားတွေ့ရမည်ဖြစ်သည်။ ဂျိုရှုအာတစ်ယောက် လိုက်ချင်တာမှတပိုင်းသေလို့ပင်။ ပြဿနာမှာ ယခုတစ်ခေါက်က သူတို့အဖွဲ့၏ပရောဂျက်မဟုတ်ပေ။ ထို့ကြောင့် ဂျိုရှုအာခမျာ တစ်ယောက်တည်း အလွမ်းဇာတ်ခင်းနေရသည်။
ယွန်းဂျောင်ဟန်ကတော့ ဂျိုရှုအာပုံစံကိုကြည့်ပြီးရယ်သည်။ သူတို့ကအခု ဆွန်းချောလ်တို့ကိတ်ဆိုင်မှာလေ။
ယွန်းဂျောင်ဟန် - " ရှုအာ ဘယ်လိုဖြစ်နေတာလဲ မင်းရုပ်ကြီးကြည့်ရတာ ရယ်ရတယ်"
ဂျိုရှုအာ - "ရယ်ပါ ရယ်ပါ ဂျောင်ဟန်ကငါဖြစ်တာကိုကိုယ်ချင်းမှမစာနိုင်တာ၊ အကြာကြီးလွမ်းနေရမှာက ငါလေ ဂျောင်ဟန်မှမဟုတ်တာ"
ယွန်းဂျောင်ဟန် - "ဘယ်သူကမလွမ်းလို့လဲ ငါကလည်း ရှုအာကိုများကြီးလွမ်းနေမှာပဲကို ၂ရက်တည်းကိုပဲ"
ဂျိုရှုအာအခုမှပြုံးနိုင်တော့သည်။ ယွန်းဂျောင်ဟန်က သူ့ကိုလွမ်းနေမှာတဲ့လေ။ သူမပြုံးနိုင်စရာဘာရှိ၊ ဟုတ်တယ်မလား။
ဆိုင်ကအခု ဝန်ထမ်းတွေဘာတွေလည်းသေချာခန့်ထားပြီးဖြစ်သည်မို့ သူတို့ကူစရာမလိုတော့ပေ။ ဆိုင်ကအောင်မြင်သည်ပဲပြောရမည်။ လူကတော့ ပြတ်သွားသည်မရှိ။ ပုံမှန်လေးတော့ နေ့တိုင်းရောင်းရသည်ပင်။
အဆင်ပြေနေကြပုံများ ခုဆို သူတို့နှင့်တောင် စကားအေးဆေးထိုင်ပြောလို့ရသည်အထိပင်။ ဝန်ထမ်းတွေလည်းကောင်းတာပါသည်ပေါ့လေ။
ဝေါန်းနူ - " ဟျောင်းတို့ရောက်တာကြာနေပြီလား ကျွန်တော်နောက်ထဲရောက်နေတာနဲ့ ခုမှပဲ သိတော့တယ်"
ဂျောင်ဟန် - "မကြာသေးဘူး ဝေါန်းနူ ဒီနေ့ကောခြေနေဘယ်လိုလဲ"
ဝေါန်းနူ - "ပုံမှန်ပဲဟျောင်း ဆင်ပြေတယ် ဟီး"
ဝေါန်းနူပြောတဲ့ပုံစံလေးကြောင့် ဂျောင်ဟန်ကအသည်းယားစွာ ဆံပင်ကိုလှမ်းဖွလိုက်လေသည်။ သူ့ညီလေးက တကယ်ကို သူ့မျက်စိထဲတော့ ကလေးလေးလိုပင်။ ရှုအာကလည်း သူတို့နှစ်ယောက်ကိုကြည့်ကာအလိုလိုပြုံးမိသွားလေသည်။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...