အပိုင်း(၄၄)

309 51 7
                                    

သူ့အနေနဲ့ အရာရာကိုကြိုးစားနေခဲ့တာပါပဲ။ အရာအားလုံးက ပြန်ပြင်ဆင်လို့မရတော့အောင် ပျက်စီးသွားပြီဆိုပေမယ့် နောင်တချိန်အတွက် သူ့ကိုယ်သူ ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားတယ်။ လူမှုဆက်ဆံရေးမှာရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာကော၊ လုပ်ငန်းပိုင်းမှာရောပေါ့။

သူ့ကြိုးစားမှုတွေရဲ့ ရလဒ်လို့ပဲဆိုရမလား။ ယွန်းဂျောင်ဟန်ဟာ အများကလေးစားနှစ်သက်ရတဲ့ အထက်လူကြီးတစ်ယောက်ဖြစ်လာခဲ့တယ်လေ။ အားလုံးကသိထားသလိုပဲ သူက တချိန်ချိန်မှာ ဒီကုမ္ပဏီကို အမွေဆက်ခံရမှာပါပဲ။ အဲတာကြောင့် ကြိုးစားသလို သူ့အတွက် အရေးပါတဲ့သူတစ်ယောက်ကြောင့်လည်း ပိုကြိုးစားနေမိတာပါပဲ။ ပါရမီရော၊ ကြိုးစားမှုရောကြောင့် သူ့လုပ်ငန်းနယ်ပယ်မှာ ပိုပိုပြီးအောင်မြင်မှုတွေရလာတော့တယ်။

ဥက္ကဌရဲ့သားမို့ ရာထူးတိုးမြန်တယ်၊ အရေးရာပိုပြီးပေးခံရတယ်ဆိုပေမယ့် ဒါတွေက သူ့အဖေရဲ့ထောက်ပံ့မှုချည်းပဲမဟုတ်ဘူးလေ၊ သူကိုယ်တိုင်ရဲ့ကြိုးစားမှုတွေကလည်း ရာခိုင်နှုန်းများများပါဝင်နေတာပဲမလား။ အဲတာကြောင့်ပဲ လူတိုင်းရဲ့သူ့အပေါ်ထားတဲ့ ကောင်းတဲ့အမြင်၊ ဆိုးတဲ့အမြင်၊ ကောင်းသတင်း၊ မကောင်းသတင်းအကုန်လုံးကို လက်ခံသင့်တာလက်ခံပြီး ပစ်ပယ်သင့်တာကို ပစ်ပယ်ခဲ့သည်။ သူပိုတိုးတက်ဖို့ လမ်းစကို သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သည်။

အဲတာကြောင့် ခုလို ၁နှစ် ၂နှစ်အတွင်းမှာ ဒုဥက္ကဌဆိုတဲ့နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။ ပါရမီရော၊ ဝါသနာရော၊ ကြိုးစားမှုရောကြောင့် သူဒီလိုအခြေအနေထိရောက်ရှိလာခဲ့သည်။

ရာထူးကမြင့်လာလေလေ ဦးဆောင်ရတာတွေ၊ တာဝန်ယူရတာတွေများလာလေပါပဲ။ အရင်ကထက် ပိုပြီးစည်းစနစ်ကျလာခဲ့သလို အရာအားလုံးမှာလည်း ရင့်ကျက်လာခဲ့သည်။ အရာအားလုံးကိုစီမံခန့်ခွဲတတ်လာခဲ့သလို ထိုသူကိုလွမ်းဖို့ကိုလည်း အချိန်တွေ ပိုပြီးပေးနိုင်လာခဲ့သည်။ မအားမလပ်အလုပ်တွေကြား ထိုသူအကြောင်းတွေးမိတော့ ‌ပြုံးနိုင်ရပြီး တွေ့ရဖို့အချိန်တွေကိုလည်း ပိုနီးစပ်လာစေချင်ခဲ့သည်။

Hot Chocolate Where stories live. Discover now