အပိုင်း(၇)

298 43 0
                                    

သူ့အရှေ့၌ရပ်နေသော သူ့ထက်အရပ်အနည်းငယ်ပိုရှည်သည့်ကောင်လေးသည် ယဉ်ကျေးမှုရှိလှကာ အသံသည်လည်းနားထောင်လို့ကောင်းလေသည်။ မျက်မှန်တပ်ထားကာ ချောမောသောရုပ်ရည်လည်းရှိလေရာ သူ့စိတ်တို့လေးလံနေမိ၏။

"ဂျောင်ဟန်ဟျောင်းကရှိတယ်ဗျ အထဲခဏဝင်စောင့်ပေးပါဦးဗျ"

အစ်ကိုဟုခေါ်‌ပုံအရတော့ သူတို့ထက်ငယ်ပုံရလေသည်။ ‌သူသည်ကျောင်း၌လည်း အတန်းတူသူငယ်ချင်းများလောက်သာသိသဖြင့် သူတို့ကျောင်းမှကျောင်းသားပေလားလည်းမသေချာပေ။ အတွေးတို့အားခဏရပ်ကာ ထိုကောင်လေးပြောသောစကားအားခေါင်းငြိမ့်လျက် အထဲဝင်လာလိုက်လေသည်။ အထဲ‌သို့ရောက်သော် အခန်းထဲမှထွက်လာသော ဂျောင်ဟန်နှင့်ကွက်တိဆုံလေသည်။

"ငါကနောက်ကျနေပြီလားလို့အမြန်လုပ်လိုက်တာ မင်းကအခုမှအထဲရောက်တာပေါ့ အရင်ဆုံးထိုင်ဦးအဲဆိုလည်း ဝွန်းနူလည်းထိုင်ဦး အခုမှရောက်တာကို ခိုင်းသလိုဖြစ်သွားတယ်"

"အေအေ ရတယ်အေးဆေးလုပ် ငါလည်းစောထွက်လာတာ အချိန်ရသေးတယ်"

"ဟုတ်ဟျောင်း ရပါတယ် ဟျောင်းကိုလုပ်ပေးရတာပဲ ကျွန်တော်မငြိုငြင်ပါဘူး"

ယွန်းဂျောင်ဟန်သည် ဂျိုရှုအာအလွန်နှစ်သက်သော အပြုံးတောက်တောက်လေးဖြင့်ပြုံးပြလိုက်ပြီး အခန်းတွင်းသို့ပြန်‌ဝင်သွားလေသည်။ထိုကောင်လေးသည် ယွန်းဂျောင်ဟန်အပေါ်တွင် အတော်လေးနစ်ဝင်နေသည်ဟုပင်ခံစားမိသွားရသည်။ ယွန်းဂျောင်ဟန်သည်လည်း သူ၏လှပသောအပြုံးများကိုပင် ရက်ရက်ရောရောစွန့်ကျဲနေ‌သေးသည်။ ဂျိုရှုအာရုတ်တရက်ပင် အရှေ့မှကောင်လေးအား အလွန်သဝန်တိုမိသွားသည်။ သူ့အနေနှင့် သဝန်မတိုသင့်မှန်းသိပေမယ့် သဝန်တိုမိသည်။ သူတို့သည် သက်ဆိုင်သူများမှမဟုတ်ပေပဲ။

ထိုကောင်လေးသည် စကားစရန်ဆန္ဒမရှိသည့်ပုံပေမို့ အကြောင်းသိချင်သော ဂျိုရှု‌အာကသာ စ၍မိတ်ဆက်လိုက်လေသည်။

"ဟျောင်းနာမည်က ဂျိုရှုအာပါ ကိုးရီးယားနာမည်က ဟုန်းဂျီဆူး ဂျောင်ဟန်ရဲ့သူငယ်ချင်းပါ"

Hot Chocolate Where stories live. Discover now