အပိုင်း(၄၆)

290 55 6
                                    

အရေးပေါ်အစည်းအဝေးတစ်ခုတက်လိုက်ရသဖြင့် ယွန်းဂျောင်ဟန်တစ်ယောက် ယခုလောနေရပါ၏။ ဒီနေ့ ဂျိုရှုအာ၏ ရိုက်ကွင်းစမည့်နေ့ဖြစ်ပြီး သူသွားမည်ဟုတွေးထားလေရာ အနည်းငယ်တောင်နောက်‌ကျနေပြီဖြစ်လေသည်။ နောက်ပိုင်းကိစ္စအလုပ်တွေမပိနေစေရန် အလုပ်ကိုလည်း သေချာဖြတ်ရသေးသည်။ ရောက်ပြီး‌မှ ထပြန်ခဲ့တာမျိုးလည်းမဖြစ်ချင်။

ယွန်းဂျောင်ဟန်က ကြိုရောက်နေချင်လို့သာလောနေခြင်းဖြစ်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မော်ဒယ်သုံးထားသည်ဆိုတောင် လုပ်စရာရှိသည်က ထုတ်ကုန်ပိုစတာနှင့် ကြော်ညာအတွက် short videoတခုစာသာရိုက်ရန်ရှိလေသည်။ ဒီနေ့က အဆင်ပြေမပြေစမ်းရိုက်ကြည့်သည့်နေ့ဖြစ်ပြီး တကယ်လို့အဆင်မပြေပါက ပြင်စရာရှိတာများကို ပြောလိုက်ပြီး နောက်ထပ်ရက်ပြန်ချိန်းရမည်ဖြစ်သည်။ အဆင်ပြေရင်တော့ တခါတည်းရိုက်ရုံပေါ့။

အမှန်တော့ လုပ်ငန်းစဉ်တွေက ခုလောက်မရှုပ်ပေ။ ယွန်းဂျောင်ဟန်က ဂျိုရှုအာအဆင်ပြေစေရန်အတွက် ဒါရိုက်တာနဲ့ညှိထားခြင်းဖြစ်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျိုရှုအာက သူတို့ကုမ္ပဏီ၏ထုတ်ကုန်သစ်ပင်တိုင်မော်ဒယ် ဖြစ်လာပြီမို့ သူ့၏ယခုကဲ့သို့ညှိနှိုင်းခြင်းအပေါ် မည်သူကမျှ အတွေးမလွန်ကြ။ ဒုဥက္ကဌက အလုပ်အပေါ်လေးစားပြီး လုပ်ငန်းပါတနာအတွက်ကြည့်ပေးတတ်သည်ဟူသော ကောင်းသတင်းမျိုးသာ အလွန်ဆုံးထွက်လာသည်။

စောရောက်ချင်နေပေမယ့် တကယ်တမ်းကျ ရိုက်ကူးနေစဉ်အချိန်ကြီးရောက်သွားခြင်းဖြစ်လေသည်။

ကျော့ရှင်းမှုအပြင်ခန့်ညားမှုနှင့်ပါ တွဲစပ်နေသော ဂျိုရှုအာ၏ပုံရိပ်ကိုကြည့်ရသည်မှာ ယွန်းဂျောင်ဟန်အတွက်တော့မရိုးနိုင်စရာပင်။ ယွန်းဂျောင်ဟန်က ရိုက်ကူးရေးကိုအနှောင့်အယှက်ဖြစ်မည်ဆိုးသဖြင့် ခပ်လှမ်းလှမ်းကကြည့်နေသည်သာဖြစ်ရာ သူရောက်နေကြောင်းဘယ်သူမှမသိသေးပေ။

သူဘယ်လောက်ထိရပ်ကြည့်နေမိမှန်းတောင်မသိ။ ဒါရိုက်တာ၏ နေ့လည်စာအတွက် ခဏနားလို့ရကြောင်း ပြောသံကြားမှသာ သတိဝင်လာတော့သည်။

Hot Chocolate Where stories live. Discover now