သူတို့စားပွဲ၏ဘေး ယွန်းဂျောင်ဟန်ထိုင်နေသည့်နေရာအနားတွင်ရပ်ပြီး ယွန်းဂျောင်ဟန်အားခေါ်လိုက်ခြင်းဖြစ်ပေသည်။ ဂျိုရှုအာသည် လက်သီးကိုတင်းခနဲဆုပ်လိုက်မိလေသည်။ မေ့ပျောက်ထားခဲ့သော ခံစားချက်တို့ အစီအရီပြန်ဝင်လာလေရာ အမူအရာပင်ပျက်သွားတော့မလိုပင်။
"အာ ဆိုဖီ"
ယွန်းဂျောင်ဟန်သည် သူ့အခြေအနေအားမသိ။ ပုံမှန်အတိုင်းပင် နှုတ်ဆက်နေသေးသည်။ ဂျိုရှုအာလည်းမော့ကြည့်လိုက်လေတော့ ဟိုတလောက ကုမ္ပဏီရှေ့တွင်တွေ့ခဲ့သည့် ကောင်မလေးနှစ်ယောက်တည်းမှတစ်ယောက်ဖြစ်လေသည်။ မော့ကြည့်လာသော ဂျိုရှုအာကိုမြင်လေမှ အမူအယာအနည်းငယ်ပျက်သွားသလိုပင်။
"ဪ ဟိုအစ်ကိုပဲ"
ဂျိုရှုအာလည်း ပြန်နှုတ်ဆက်လိုက်လေသည်။
"ဟုတ်ကဲ့ ဟိုတနေ့ကတွေ့ဖူးတဲ့တစ်ယောက်ပါ ဂျောင်ဟန့်ရဲ့ကောင်လေးဆိုတဲ့တစ်ယောက်ပါ"
သူကိုယ်တိုင်လည်းဘာလို့ဒီလိုထုတ်ပြောမိမှန်းမသိလိုက်ချေ။ သို့ပေမယ့် ဆန်တက်လာသောခံစားချက်အရ သူသဝန်တိုနေမိမှန်း ခံစားသိရှိရပါ၏။
ကိုးရို့ကားယားလေထုကြောင့် ကျန်သုံးယောက်ကပါအကြည့်တို့သည် စုန်ချည်ဆန်လျက်။
"မိတ်ဆက်ပေးဦးမယ် ဒါကဆိုဖီတဲ့ ကျောင်းပိတ်ရက်အလုပ်လုပ်တုန်းက လုပ်ဖော်ကိုင်ဖက် ဒါကကျ- "
ဆွန်းချောလ်တို့နှင့်ပါ မိတ်ဆက်ရန်လုပ်နေတုန်း ထိုကောင်မလေးက ဖြတ်ပြောလာလေသည်။
"ဘာလဲ Oppa၊ တို့က ဒီတိုင်းလုပ်ဖော်ကိုင်ဖက်ပဲလား"
ထိုကောင်မလေးစကားကြောင့် လေးယောက်လုံးဘဝင်မကျတော့ပေ။ ယွန်းဂျောင်ဟန်တစ်ယောက်တည်းကသာ ရယ်မော၍ပြန်ဖြေလာလေသည်။
"ဆိုဖီက လုပ်ဖော်ကိုင်ဖက်မဟုတ်ပဲဘာဖြစ်ချင်လို့လဲ ဆိုဖီဖြစ်ချင်တဲ့တိုင်း ဖြစ်ရမှာပေါ့ ဘယ်ဆက်ဆံရေးဖြစ်ဖြစ်"
ယွန်းဂျောင်ဟန်၏ပြန်ဖြေစကားကိုကြားသော် ထိုကောင်မလေးသည် မခို့တရို့ရယ်လာပြီး ဂျိုရှုအာကိုတချက်ကြည့်လိုက်လေသည်။ ဂျိုရှုအာကိုယ်တိုင်ကတော့ မျက်နှာလွှဲထားလေသည်။ ကျန်သုံးယောက်ကတော့ ထိုကောင်မလေးအား မနှစ်မြို့ဟန် ကြည့်လာပြီး မခံနိုင်စွာ ချွဲဆွန်းချောလ်ကထပြောလေသည်။
YOU ARE READING
Hot Chocolate
Fanfictionသူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေးမှပိုကြိုက်တာတဲ့လေ -Joshua (Hong Jisoo) ချောကလက်ကိုချိုလည်းသောက်ဖြစ်ပေမယ့် ကျွန်တော်လိုချင်တာကအချိုတစ်မျိုးတည်း မဟုတ်နေတဲ့အခါ အခါးလေးပေးပါလိ...