အပိုင်း(၅၄)

280 47 2
                                    

အခုတလော ယွန်းဂျောင်ဟန်က အရေးကြီးပရောဂျက်တစ်ခုရှိတာကြောင့် မအားလပ်နေပေ။ ဂျိုရှုအာကတော့ အခြေငြိမ်တဲ့အနေအထားတစ်ခုကိုရောက်သွားပြီမို့ အလုပ်တွေကိုရွေးချယ်ခွင့်ရှိလာသည်။ အရင်လို ကမ်းလှမ်းလာသမျှလက်ခံစရာမလိုတော့ပေ။ ထို့ကြောင့် အလုပ်ရှုပ်နေသောယွန်းဂျောင်ဟန်ထက်စာရင် ရွေးချယ်ခွင့်ရှိသော ဂျိုရှုအာက အလုပ်ပါးနေလေသည်။

ဒါကြောင့်ပဲ ဂျိုရှုအာက သူ့ရည်းစားလေးကိုလွမ်းဆွတ်နေရပါ၏။ယွန်းဂျောင်ဟန်ပေးထားတဲ့ဖောင်တိန်လေးကိုဟိုလှည့်ဒီလှည့်လုပ်ကာ သူ့ရည်းစားလှလှလေးအကြောင်းတွေးနေတော့၏။

ယွန်းဂျောင်ဟန်အတွက် ဒုဥက္ကဌဆိုသောရာထူးသည်ဖိအားများလောက်မည်မှန်းသူသိပါသည်။ အရာရာဆင်ခြင်ရပြီး အရာရာကိုသတိထားရသည်။ အနေအထားတစ်ခုကိုရောက်နေပြီဖြစ်၍ တချို့အရာတွေကိုဂရုမစိုက်ရင်ရသော်ငြား ယွန်းဂျောင်ဟန်ကတော့ သူ့ကိုချစ်တဲ့သူ့အဖေအတွက် အတတ်နိုင်ဆုံးကြိုးစားပေးသည်။ သူ့အဖေသားဖြစ်နေလို့ သူကဒီနေရာရောက်လာတာမဟုတ်ကြောင်း၊ သူ့အဖေကသူ့ကိုခံစားချက်တစ်ခုတည်းနဲ့ ဒီရာထူးပေးခဲ့တာမဟုတ်ကြောင်း သူကအမြဲတမ်း အလုပ်နဲ့သက်သေပြခဲ့သည်။ ဒါတွေကို ဂျိုရှုအာသိပြီးဖြစ်ပါ၏။

ဒါကြောင့်လည်း သူတို့က လူမြင်ကွင်းမှာဆို အတတ်နိုင်ဆုံးအနေအထိုင်ဆင်ခြင်လေသည်။ ယွန်းဂျောင်ဟန်အဖေကသူတို့ကိစ္စကိုသိပြီး နားလည်ပေးတယ်ဆိုသော်ငြား လူတိုင်းက ဒီလိုကိစ္စမျိုးကို လက်ခံနိုင်နေတာမဟုတ်ဘူးလေ။ ယွန်းဂျောင်ဟန်က ဂျိုရှုအာအတွက် တွေးပေးသလို ဂျိုရှုအာကလည်း ယွန်းဂျောင်ဟန်အတွက် စိုးရိမ်ရပါ၏။

ဒီနေ့အတွက် အလုပ်ရယ်လို့ မဆိုသာတဲ့ကိစ္စတစ်ခုသာရှိလေသည်။ ရှေ့တလောအလုပ်ရက်ဆက်လည်းဖြစ်ထားသည်မို့ ခုရက်ပိုင်းတော့ အလုပ်လက်ခံတာလျှော့ပေးရန် ဆော့မင်အားပြောထားခြင်းဖြစ်လေသည်။ အရင်ကဆော့မင်က သူတစ်ယောက်တည်းကိုကြည့်ကြပ်ရသည်မဟုတ်။ ဆော့မင်မန်နေဂျာအဖြစ်တာဝန်ယူပေးရသော မော်ဒယ်က ၃ယောက်လောက်ရှိလေသည်။

Hot Chocolate Where stories live. Discover now