အပိုင်း(၄၂)

491 49 9
                                    

မီးရောင်မှိန်ဖျဖျ၊ သီချင်းသံခပ်အေးအေးဖြင့် ဘားတစ်ခု၌ တွေ့ဆုံနေကြသည်မှာ ချွဲဆွန်းချောလ်နှင့် ယွန်းဂျောင်ဟန်သာ။ အချိန်အားဖြင့် ည ၈နာရီခန့်။ ကာလအားဖြင့် ဂျိုရှုအာထွက်သွားပြီး ၅လအကြာဖြစ်လေသည်။

အတွေးများနေပုံရသည့် ယွန်းဂျောင်ဟန်ကိုကြည့်ပြီး ချွဲဆွန်းချောလ်သက်ပြင်းချမိသည်။ ယွန်းဂျောင်ဟန်ထိုသို့ဖြစ်နေသည့်ပုံစံမျိုး သူတစ်ခါမှမတွေ့ခဲ့ဖူးပါချေ။ ပြောရလျှင်ဖြင့် ယခုတွေ့ဆုံကြခြင်းသည်တောင် ကြောင်အမ်းအမ်း။ ယွန်းဂျောင်ဟန်နှင့် ဂျိုရှုအာ၏ကိစ္စများကြောင့်  သူတို့အချင်းချင်းမဆုံဖြစ်တာတောင် ကြာလှပြီလေ။

အခုလည်း "ဆွန်းချောလ် ငါစကားပြောဖို့လူတစ်ယောက်လိုနေလို့ ငါဖြစ်နေတာတွေအတွက် အဖြေကူထုတ်ပေးပါဦး" ဆိုတဲ့စကားတခွန်းနဲ့ ဘားကိုရောက်လာရတော့တာပဲ။ ရောက်ကတည်းက ဘာစကားတခွန်းမှမပြောပဲ သက်ပြင်းတချချနဲ့သောက်နေတာ နာရီဝက်လောက်ပင်ရှိတော့မည်။ မနေနိုင်တော့တဲ့ ဆွန်းချောလ်ကပဲစကားအရင်စလိုက်ရလေသည်။

"ဂျောင်ဟန် နာရီဝက်တောင်ရှိတော့မယ် ဘာတွေဖြစ်နေတာလဲ ပြောမှာဆို ပြောလေ"

"အားယူနေတာ ပြောဖို့"

"ဘာကိစ္စမို့လဲ"

"ရှုအာနဲ့ငါ့ရဲ့ကိစ္စတွေ"

ချွဲဆွန်းချောလ် ခဏမျှတော့ ကြောင်အမ်းသွားပါ၏။ ဒီကိစ္စလို့တော့မထင်ထားခဲ့ဘူးလေ။ ဒါပေမယ့် သူတို့နှစ်ယောက်ကိစ္စကပြီးသွားပြီမဟုတ်ဘူးလား။ မဟုတ်သေးဘူး။ မပြီးသေးတဲ့အရှုပ်တွေရှိဦးမယ်ထင်တယ်။ ဂျိုရှုအာပျောက်သွားပြီး သိပ်မကြာခင်မှာပဲ ယွန်းဂျောင်ဟန်ရဲ့မင်္ဂလာဖျက်သိမ်းတဲ့သတင်းကြားလိုက်ရသေးသည်လေ။ ‌ခေါင်းရှုပ်ခံပြီး မတွေးချင်တော့သည်မို့ ယွန်းဂျောင်ဟန်အပြောကိုသာစောင့်လိုက်တော့သည်။

"ဘာကိစ္စတွေလဲ မင်းတို့၂ယောက်က ပြီးပြီးပြီမဟုတ်ဘူးလား"

ယွန်းဂျောင်ဟန်ကသက်ပြင်းတချက်ချလျက်-

"အင်းပြီးပြီးသားတွေ ဟုတ်တယ်၊ ငါ့ကြောင့်မို့ အတင်းအကျပ်ပြီးသွားခဲ့ရတာ"

Hot Chocolate Where stories live. Discover now