Part-12
ရှူး!
ပါးကိုထိလာသော်အထိအတွေ့ကိုသူမလွန်ဆန်နိုင်ပဲ
ငြိမ်နေမိကာအိပ်ချင်နေမိသည်။ရှူး!
နောက်တစ်ခါတွင်တော့အိပ်ချင်စိတ်ပါပျောက်ကာ
ထထိုင်လိုက်မိသည်။တစ်ဖက်လူကိုမော့ကြည့်လိုက်မိတော့......။
ရယ်မြူးရိပ်သန်းနေတဲ့မျက်လုံးများ
Suitအပြည့်ဝတ်ဆင်ထားကာ
နှုတ်ကနေပါတစ်ခုခုပြောချင်သည်ပုံစံဖြင့်......။"ဘာဖြစ်တာလဲ"
မေးလိုက်တော့မျက်မှောင်ကြုတ်ကာမျက်နှာကိုဟိုဘက်
လှည့်သွားသည်။သူလဲကြောင်တောင်တောင်ပုံစံဖြစ်ကာတစ်ဖက်လူကို
ကြောင်ကြည့်နေမိသည်......။"ခနလောက်အပြင်သွားမှမို့ ခင်ဗျာတစ်ယောက်တည်း
ဖြစ်လား"ကမ္ဘာကြောင်ကြည့်နေသူကိုကြည့်ကာပြောလိုက်သည်။
"အွန်း...ဖြစ်ပါတယ်၊အခုမှအစောကြီးရှိသေးတယ်
နောက်ပြိး...ဘာအလုပ်မို့လဲ"သူမေးရင်းပင်နာရီကိုလှမ်းကြည့်တော့7:00နာရီကသူ
ကိုလှောင်ပြောနေသယောင်......။"ချိန်းထားတာရှိလို့ပါ"
"ဪ...အင်း"
"သွားတော့မယ်"
"အင်း..."
"သွားရတော့မယ်"
"အင်း...သွားလေ"
သူရစ်နေသော်သူကိုတစ်ဖြည်းဖြည်းစိတ်ရူတ်လာသည်။
"ချစ်လွန်းငယ်! "
"ဘာလိုအော်နေတာလဲ! !"
ကမ္ဘာအလိုက်မသိတဲ့သူကြောင့်ဒေါသထွက်လာသည်။
"ယောက်ကျားကအလုပ်သွားတော့မယ်ဆိုရင်ယောက်
ကျားကိုအာဘွားပေးရတယ်ဆိုတာမသိဘူးလား! ""ဟမ်? "
"ဘာမှမဟုတ်တော့ဘူး ကျစ့်!"
ထို့သို့သာပြောလိုက်ပြိးတစ်ယောက်သော်သူကိုနောက်
ကျောပေးလိုက်ကာလက်ထဲတွင်ကိုင်ထားတဲ့နာရီကိုသာကောက်ဝတ်နေလိုက်သည်။
![](https://img.wattpad.com/cover/337436787-288-k74920.jpg)
YOU ARE READING
Your love is peaceful
Actionကိုယ်တစ်ခါမှမရေးဖူးတဲ့typeကိုစမ်းရေးတာပါ ပိုင်စိုးပိုင်နင်း/အရိုင်းဆန်တဲ့စာသားများပါတာကြောင့် ဖတ်ဖို့သေချာစဉ်းစားပြိးမှဖတ်ပါ⚠⚠⚠ ဇာတ်လမ်းကတစ်စုံတစ်ရာနှင့်တူညီခဲ့လျှင်တိုက်ဆိုင်တာဟုမှတ်ယူပေးဖို့တောင်းဆိုချင်ပါတယ်⚠⚠ ဖတ်မယ် မဖတ်ဘူးဆိုတာကစာဖတ်သူတွေအပိုင်...