Part-33
လက်ကိုဆွဲထားတဲ့အားကမသေး။မိုး မျက်နှာလေးက
ပျက်ယွင်းနေပြိး လူကြီးကိုတောင် မော့မကြည့်နိုင်။
မျက်လွှာသာချထားလိုက်လျှင်......"ကိုယ်ကိုမကျေနပ်စရာရှိနေတယ်မဟုတ်လား ငယ်
ဟုတ်ပြိလေ...ငယ်မကျေနပ်စရာရှိတယ်ဆိုရင် ကိုယ်
ကိုဒဲ့ပြောပါလား"လူကြီးလေသံက ပုံမှန်အတိုင်းဆိုပင်မဲ့ အနေနီးတဲ့ငယ်
အတွက်တော့ ထို့လေသံက ပုံမှန်မဟုတ်ခြင်းတို့ပါဝင်
နေတဲ့ဆိုတာကို ကောင်းကောင်းသိ၏။"ဘာမှမဖြစ်ဘူး၊လွှတ်ပါ အိပ်ချင်ပြိ"
"ကိုယ်ရှိနေတာကို မကြိုက်ဘူးလား"
"မဟုတ်ပါဘူး၊ငယ် ဒီအတိုင်းလေးပဲအနားယူချင်နေ
လို့ပါ"ကလေးငယ်က မျက်လွှာတောင် တစ်ချက်ပင့်မကြည့်။
ကုဋေမျက်နှာထားကိုတည်နေရာကနေ လျှော့ရင်း အ
နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြိး......"ဟုတ်ပြိလေ၊ကိုယ် အခန်းထဲလိုက်ပို့ပေးမယ်"
လူကြီးစကားကြောင့် မိုးဘာမှပြောစရာစကားမရှိတော့
လှည့်ထွက်လာပြိး အနောက်ကနေ လူကြီးကတောက်
လျှောက်လိုက်ပါလာသည်။အပေါ်ထပ်ကိုဖြည်းညှင်းသောခြေလှမ်းဖြင့် တက်ရင်း
အနောက်က လူကြီးခြေလှမ်းတို့ကို နားစွန့်နေမိ၏။
လူကြီးနဲ့မိုးအခြေအနေက နေရခက်ခက်။မိုး ဒါကိုမ
ကြိုက်။အမှန်တကယ်ဆိုရင် လူကြီးကချော့ပြိး စကား
လေးပြောပေးသင့်တယ်မဟုတ်ပါလား။သို့သော် အထင်နဲ့အမြင်တို့ဟာ လွှဲကောင်းလွှဲနိုင်တယ်
ဆိုတဲ့ဆိုရိုးအတိုင်း။အခုကြတော့ စိတ်ကူးထားတဲ့
အတိုင်း ဖြစ်ပင်မလာ။သူကသာ တစ်ဖက်သက်တွေး
ပြိးရှုးနေသူသာ ဖြစ်ရ၏။အခန်းထဲရောက်သည်အထိ လူကြီးကလိုက်ပို့ပေးကာ
ကုတင်ထက် လှဲလျောင်းနေတဲ့မိုးအား စောင့်ခြုံပေးပြိး
နဖူးကိုငုံ့နမ်းသွားပြိး အခန်းထဲကနေ ပြန်ထွက်သွားလေသည်။မိုး လူကြီးပြန်ထွက်သွားတာ
နဲ့တပြိုင်နက်တည်း အိပ်နေရာကနေ ထထိုင်လိုက်ပြိး
ကုတင်ပေါ်ကနေဆင်းပြိး အပြေးအလွှားနှင့်အလုပ်
လုပ်တဲ့စားပွဲအနားကို ဝင်ထိုင်ရင်း......
YOU ARE READING
Your love is peaceful
Actionကိုယ်တစ်ခါမှမရေးဖူးတဲ့typeကိုစမ်းရေးတာပါ ပိုင်စိုးပိုင်နင်း/အရိုင်းဆန်တဲ့စာသားများပါတာကြောင့် ဖတ်ဖို့သေချာစဉ်းစားပြိးမှဖတ်ပါ⚠⚠⚠ ဇာတ်လမ်းကတစ်စုံတစ်ရာနှင့်တူညီခဲ့လျှင်တိုက်ဆိုင်တာဟုမှတ်ယူပေးဖို့တောင်းဆိုချင်ပါတယ်⚠⚠ ဖတ်မယ် မဖတ်ဘူးဆိုတာကစာဖတ်သူတွေအပိုင်...