Part-24
ဒုန်း!!!!
တိတ်ဆိတ်နေတဲ့အခန်းတွင်ကျယ်လောင်စွာထွက်ပေါ်
လာတဲ့ အခန်းတံခါးဖွင့်သံကြောင့် နွေ ကိုယ်လေးတုန်
တက်သွားကာ အနောက်ကိုလှည့်ကြည့်မိတော့။"ဟင်..."
နွေ ကိုတောင်မြင်ပုံမရတဲ့ထို့ကောင်လေးကအလောတ
ကြီးအခန်းထဲကနေထွက်သွားတာမို့ နွေ မျက်ခုံးများက
ကတွန့်ချိုးသွားကာ အတွေးပေါင်းစုံက နွေ ခေါင်းထဲ
ဝင်လာသည်။"ဘာဖြစ်နေတာလဲမသိဘူး"
တီးတိုးရေရွတ်ပြိး တူးနံ့ရတာကြောင့် နှာခေါင်းလေးရှုံ့
ပြိး နွေ အနံ့လာရာကိုလှမ်းကြည့်မိတော့
ထို့ကောင်လေးအတွက်ကြော်ပေးထားတဲ့ ပေါင်မုန့်က
တူးနေခြင်းပင်။"ဟာ တူးကုန်ပြိ"
အပြေးအလွှားပင် နွေ ထို့အနားကိုသွားလိုက်ပြိး
မည်းနေတဲ့ပေါင်မုန့်လေးကိုဆယ်လိုက်ပြိး ပန်းကန်း
ပြားထဲထည့်လိုက်သည့်။"ဟူးးး"
သက်ပြင်းလေးချပြိး မီးဖိုခန်းကထွက်လိုက်ကာ ဧည့်ခန်းကဆိုဖာထက်ဝင်ထိုင်လိုက်ပြိးTVကိုဖွင့်
ကြည့်လိုက်တော့။"မင်္ဂလာပါရှင့် အခုတင်ဆက်ပေးရမယ်သတင်း
ကတော့***companyဥက္ထဌဖြစ်တဲ့မင်းလွန်ကမ္ဘာဆိုတဲ့သူကသေနတ်ပစ်ခံထားရပါတယ်ရှင့် အခုတော့***ဆေးရုံမှတင်ထားရပါတယ်..."သတင်းတင်ဆက်သူလေးကပိပိပြင်ပြင်တင်ဆက်
လာကာ အနောက်တွင်မြင်နေရတဲ့ပုံတွေကလည်း
သွေးပျက်ဖွယ် နွေ ချက်ချင်းထရပ်လိုက်ပြိး အခန်းထဲအပြေးဝင်ပြိး ပိုတ်ဆံအိတ်နဲ့ကားသော့ကို
ယူလိုက်ပြိး အောက်ထပ်ကိုအပြေးဆင်းလာလိုက်
သည်။ကားပါကင်တွင်ကားကိုထုတ်ပြိး ထို့ဆေးရုံကိုမောင်းလာလိုက်သည်။ဆေးရုံထဲရောက်တော့ ထိပ်ဆုံးခုံတွင်ထိုင်နေတဲ့သူနာ
ပြုမလေးကိုနာမည်ပြောလိုက်တော့ သူနာပြုမလေးက
နွေ ကိုလိုက်ပို့ပေးလာသည်။ခွဲစိတ်ခန်းအရှေ့တွင်ထိုင်
ကာငိုနေတဲ့ကိုကိုကြီးက နွေ ကို မြင်တော့အပြေး
အလွှားလာဖက်ပြိးငိုကြွေးသည်။ထို့ကောင်လေးက
တော့ တောင်လျှောက်လိုက် မြှောက်လျှောက်လိုက်နဲ့
နွေ ကိုမြင်ပုံမပေါ်။

YOU ARE READING
Your love is peaceful
Actionကိုယ်တစ်ခါမှမရေးဖူးတဲ့typeကိုစမ်းရေးတာပါ ပိုင်စိုးပိုင်နင်း/အရိုင်းဆန်တဲ့စာသားများပါတာကြောင့် ဖတ်ဖို့သေချာစဉ်းစားပြိးမှဖတ်ပါ⚠⚠⚠ ဇာတ်လမ်းကတစ်စုံတစ်ရာနှင့်တူညီခဲ့လျှင်တိုက်ဆိုင်တာဟုမှတ်ယူပေးဖို့တောင်းဆိုချင်ပါတယ်⚠⚠ ဖတ်မယ် မဖတ်ဘူးဆိုတာကစာဖတ်သူတွေအပိုင်...