part-39(Unicode)

901 7 0
                                    

Part-39

"အဲ့ကောင်နဲ့မင်းက ဘာလဲ?"

ကုဋေ ကလေးငယ်လက်မောင်းကိုဆွဲလှည့်ပြိး မေး
တော့ ကလေးငယ်က ကုဋေကို မျက်လုံးပြူးပြိး ကြောင်
ကြည့်ကာ...

"မေးနေတာဖြေလေ!...ငယ်၊ကိုယ်မေးနေတာကို
အခုဖြေ!"

"ဘယ်သူလဲ?"

"ကျွစ်! မင်းကိုမနေ့က အိမ်ပြန်လိုက်ပို့ပေးတဲ့ကောင်
ကို ပြောနေတာ"

ကလေးငယ်က မျက်မှောင်ကြုတ်ပြိး ငြိမ်သွားသည်။
ကြည့်ရတာ မမှတ်မိဘူးထင်တယ်၊ခနနေကြမှ ဪဆို
တကာ ပြုံးပြုံးမျက်နှာလေးဖြင့် ကုဋေ၏စူပုတ်နေသော
မျက်နှာကြီးကို မော့ကြည့်သည်။

"အဲဒါ ကိုသီဟ...မနေ့ကမှ နယ်ကပြန်လာတာ
ငယ်တို့တွေကို သူကဟော့ပေါ့လိုက်ကျွေးတယ်
ပြန်တော့ ငယ်ကတစ်ယောက်တည်း...ကိုသီဟက
လိုက်ပို့ပေးမယ်ဆိုပြိး လိုက်ပို့ပေးတာလေ လူကြီးရဲ့"

ငယ်ဖြေရှင်းပြိးသည်အတိုင် လူကြီးမျက်နှာကစူပုတ်
နေဆဲ။အသက်ကြီးတယ်ဆိုသာ ရှိတာ စိတ်က ကလေး
စိတ်နဲ့လေ။

"ငယ်ကို မယုံဘူးလား"

"ငယ်ကိုယုံတယ်...အဲ့ကောင်ကို မယုံတာ"

"လူကြီးကတော့လေ...၊ငယ် ပြောပြမယ်
ကိုသီဟမှာ စေ့စပ်ထားတဲ့လူရှိတယ် ပြိးတော့ သူက
ငယ်တို့အတွက်တော့ အစ်ကိုတစ်ယောက်သာသာပဲ
သူစိတ်ထဲမှာလည်း ငယ်တို့က သူသေချာလမ်းညွန်း
ပေးရမယ်ကလေးတွေပဲ"

ငယ်စကားအရှည်ကြီးပြောပြိး မောသွားသည်။

"အင်း အင်းပါ...အခု ဘာလုပ်နေတာလဲ"

မကျေမနပ်ဖြစ်နေပင်မဲ့လဲ ကုဋေမှာ ပါးစပ်အမြန်ပိတ်
လိုက်ရသည်။ထပ်ပြောနေရင် ငယ်က သူကိုစိတ်ဆိုး
သွားမှာကို သူသေချာပေါက်လောင်းရဲသည်။

ငယ်က မုန်ညှင်းရွက်လေးကိုအရသာထည့်ပြိး ကိုင်ထား
တဲ့ဇွန်းဖြင့်မွှေကာ ကုဋေဘက်ကို လှည့်ကြည့်လာပြိး။

"သွားပါ၊ ရေသွားချိုးတော့လေနော်...ပြိးရင် ထမင်း
အတူတူစားမယ်"

"အင်းပါ..."

ကုဋေပြောပြိးသည်နောက်
အပေါ်ထပ်ကိုသာ တက်လာလိုက်၏။ရစ်နေလဲ မထူး
ကိုယ်ထက် သူကပိုသွက်သည်။

Your love is peacefulWhere stories live. Discover now