Part-16(Unicode)

1.1K 20 0
                                    

Part-16

ခန်းမထဲတွင်လူကြီးလူငယ်များနှင့်ပြည့်နှက်နေကာ
Shane filan-beautiful in whiteဆို
တဲ့songကိုခပ်သဲ့သဲ့ကြားနေရသည်။

"အာ!...ရင်ခုန်လိုက်တာကွာ"

"အဟွန်း...ငါကသတို့သားပါနော်"

ရယ်ကာပြောလိုက်တော့အောင်စေကသူအားမျက်စောင်းထိုးလာသည်။
မှန်ထဲတွင်အနေအထားကိုတစ်ချက်ကြည့်လိုက်ကာ
အဆင်ပြေသည်အနေအထားကိုတွေ့တာကြောင့်ခုံပေါ်
ကနာရီကိုကောက်ဝတ်လိုက်ကာ
အခန်းတံခါးကိုဖွင့်လိုက်သည်အချိန်တွင်မြင်လိုက်ရတဲ့
လူနှစ်ယောက်ကြောင့်သူမျက်နှာသည်ပြုံးသွားခဲ့သည်။

"သားကြီး..."

"............"

"............"

"ဟာ...မားမား"

ခေါ်ပြိးပြေးဖက်ဖို့သွားလိုက်သော်ငြားအဖက်ပင်မလုပ်
ခံရပဲUniverseကိုပဲသွားဖက်သည်monကြောင့်
နှုတ်ခမ်းကိုမသိမသာမဲ့လိုက်မိသည်။
နံဘေးကရပ်နေသည်Dadကရယ်ကာပုခုံးကိုသာသာလေးပုတ်ပေးလာသည်။

"သားကြီး...သမက်လေးကရော"

"ဟိုဘက်ခန်းမှာပြင်ဆင်နေတုံးပါ...မေမေ"

"အို...မေမေနှုတ်ဆက်ချင်လို့ခေါ်သွားပေးပါလား
သားကြီး"

မြန်မာစကားကိုမပိသော်ငြားအနီးကပ်နေခဲ့ရသည်သူ
မို့သူနားလည်ပါသည်။
သူခေါင်းညိတ်ပြလိုက်ကာ......

"ဟုတ်...မေမေတွေ့ချင်ရင်ကျွန်တော်လိုက်ပိုပေးပါ
မယ်..."

"အွန်း...တွေ့ချင်တယ်"

မျက်လုံးများတလက်လက်ဖြစ်ကာပြောလာတဲ့သူကြောင့်ရယ်ကာဟိုဘက်ခန်းထဲကိုခေါ်သွားလိုက်သည်။

အမေလက်သည်Universeလက်မောင်းကိုချိတ်ကာနှစ်ယောက်သားစကားတပြောပြောဖြင့်အခန်းထဲက
နေထွက်သွားကြသည်Momနှင့်Universeကို
ကြည့်ကာDadဘက်လှည့်လိုက်ကာ.....

"Daddy...universeကသားအရင်းလားဟင်"

"ဟားဟား!...ငါသားရာ"

သားဖြစ်သူမေးပုံကိုသဘောကျကာရယ်လိုက်မိသည်
အထိပင်။

"ကမ္ဘာချစ်သူကောင်လေးကချောလား...သား"

Your love is peacefulWhere stories live. Discover now