part-37Unicode)

555 5 2
                                    

Part-37

The  next Morning...

ကလေးငယ်မျက်နှာလေးကို စိုက်ကြည့်နေတုန်း လှုပ်
ခက်လာသောမျက်တောင်ဖျားလေးတွေကြောင့် ကုဋေ
ပြုံးလိုက်မိ၏။ ကလေးငယ်က အိပ်ချင်ယောင်ဆောင်
နေသလား။

ကလေးငယ်က ခနအကြာမှာပဲ နိုးလာတယ်၊ နိုးလာ
တော့  ကုဋေဘက်ကိုကြည့်လာပြိး သူကိုကြည့်နေသော်
ကုဋေမျက်ဝန်းတို့၏ဟိုးအနိမ့်ဆုံးကို ကြည့်သွားသလို
ကလေးငယ်အကြည့်လေးတို့က ထို့မျှထိကို သူအတွက်
ရင်ခုန်စရာ။

မနေနိုင်တဲ့သူလက်တစ်ဖက်က လေပေါ်သို့ မြှောက်
တက်သွားပြိး ဆံပင်ကောက်ကောက်လေးကိုထိတွေ့
ကိုင်တွယ်လိုက်သည်။ ကလေးငယ်က ထို့အခါ
ကုဋေရင်ခွင်ထဲကိုအတင်းထိုးဝင်လာသည်။

"ငယ်  ကိုယ်ပြောပြစရာရှိတယ်"

"ဟုတ်ကဲ့...ပြောပါ"

"ကိုယ် လူတစ်ယောကိုသတ်မိသွားပြိ၊ငယ် စိတ်မဆိုး
ပါနဲ့နော်"

"......"

ကလေးငယ်ဘက်က အသံထွက်မလာ။အပြုအမူလေး
ကအစ  ငြိမ်ကျသွားတာမို့ သူစိတ်ပူသွားပြိး ကလေး
ငယ်မျက်နှာလေးကို လက်တစ်ဖက်နဲ့မော့ကိုင်စေခိုင်း
တော့  ကလေးငယ်ကမျက်လုံးလေးကိုအတင်းမှိတ်ထား
ပြိး  ပါးပြင်လေးကမျက်ရည်ဥလေးကြွေကြသွား၏။

မျက်ရည်ဥလေးကြွေကျသွားပြိးနောက် မျက်တောင်
ဖျားလေးက တဖျက်ဖျက်ခက်သွားကာ မျက်ဆံနက်
နက်လေးတို့သည် တဖြည်းဖြည်းပေါ်လာလေပြိး
ကုဋေမျက်ဝန်းတို့ကို စိုက်ကြည့်သည်။ပြိးနောက်...

"ဒီတစ်ခေါက်ကရော  ငယ်ကြောင့်ပဲလားဟင်"

"အင်း ...... ကိုယ်လက်ပါမိရင် ကိုယ်ကြောင့်မဟုတ်ပဲ
ငယ်ကြောင့်ဆိုတာကို ငယ်ကိုယ်တိုင်လည်း သိနေရက်
သားနဲ့ ဘာလို့လေကုန်ခံနေတာလဲ.....ငယ်"

လူကြီးက  ပြောပြိးတာနဲ့ လှဲနေရာကနေထထိုင်သွား
ပြိး  သူလည်း ပါးပြင်ပေါ်ကမျက်ရည်ကိုအလျင်စလို
ဖယ်သုတ်ပစ်ပြိး ထထိုင်လိုက်တော့ လူကြီးကငဲ့ကြည့်
လာ၏။

"လူမသတ်ပါနဲ့နော်..... ငယ်ကြောင့် ဘာပဲဖြစ်ဖြစ်
လူကြီးလက်ကိုသွေးစွန်းမခံပါနဲ့"

Your love is peacefulWhere stories live. Discover now