Warning:အသုံးအနှုန်းရိုင်းတာလေးတွေ
ဒီအခန်းမှာ ပါဝင်ရေးသားထားတာမို့ လိုင်းပေါ်မတင်
ပါနဲ့နော်။တစ်စုံတစ်ရာအမှားပါခဲ့ရင် ကျွန်မကိုလာပြော
ပြနိုင်ပါတယ်ရှင့်။ဇာတ်ကောင်တွေ အပိုင်းတွေနဲ့ပတ်
သက်ပြိး ဝေဖန်နေရင်တော့ ကျွန်မဘက်ကငြိမ်နေမှာ
မဟုတ်ပါဘူးရှင့်part-35
အခုအခြေအနေက နှစ်ယောက်လုံးအတွက်ယောင်
ဝါးဝါး။နောက်ပြိး ကလေးငယ်ကကုဋေကိုကြောက်
နေပုံရ၏။ဦးခေါင်းလေးက မြေပြင်နှင့်ထိလုမတက်
ငုံ့ကိုင်းထားလေသည်။ကုဋေ ခေါင်းခါရင်း လျှာကို
သပ်လိုက်ပြိးမှ ပြောစရာစကားလုံးကို ရှာဖွေလိုက်
သည်။ဘာမှထွက်ပေါ်မလာတာကြောင့်..."အထဲဝင်တော့ အပြင်ဘက်ကအေးတယ်"
"........."
"ကိုယ်ပြောတာ ကြားလား"
ကလေးငယ်ထွက်သွားရင် ဆေးလိပ်နောက်တစ်လိပ်
သောက်ဖို့တေးထားတာမို့ ထွက်သွားဖို့လမ်းကြောင်း
ဖောက်ပေးလိုက်သော်ငြား ပေကပ်ကပ်ဖြင့်ရပ်နေသူ
လေးက မတုန့်မလှုပ်နဲ့ရပ်မြဲရပ်နေကာ။ကုဋေလည်း
မျက်မှောင်ကြုတ်လိုက်ပြိး အကြည့်တို့အား
အဖြူရောင်လေးဆီကို ကူးလူသွားလိုက်သည်။အဖြူရောင်အင်္ကျီလက်ရှည်အပါးလေးနှင့်ဘောင်းဘီ
နက်စွေးနေတဲ့စတိုင်ပန့်ကိုတွဲဝတ်ထားတဲ့ကလေးငယ်
က ချစ်ဖို့ကောင်းသည်။ဆံပင်ကောက်ကောက်လေး
ကိုထိဖို့ လက်လှမ်းလိုက်ပြိး။"ချစ်ဖို့ကောင်းတယ်"
ဆံပင်ထဲလက်ထည့်ပြိး
ပြောလာသူကြောင့် မိုးရင်ခုန်သံတို့မြန်လာ၏။
ချောမောခန့်ညားတဲ့လူကြီးဆီကနေ ထို့စကားကို
ကြားပါလျှင် လူတိုင်းရင်ခုန်ကြမှာပင်။စိတ် နှလုံးသား
ဖြစ်တည်မှု ရုပ်ရည် ချမ်းသာကြွယ်ဝမှုတို့က တော်ရုံ
မဟုတ်။ထို့ကြောင့် ဘယ်သူပဲဖြစ်ဖြစ် လူကြီးကို
ငြင်းကြမယ်မထင်ပါ။"ကိုယ်ကို ချစ်လား"
လူကြီးခန္ဓာကိုယ်က တဖြည်းဖြည်းဖြည်းနှင့်သူကိုယ်
ကကပ်နေပြိး မျက်နှာချင်းကထိလုမတက်။သို့သော်ငြား
ပတ်ဝန်းကျင်ဆိုတာက သူစိတ်ထဲမှာရှိတယ်။ဒီလိုနေရာမျိုးမှာတော့ သူနဲ့လူကြီးကဘာလုပ်ရပ်မှ ကျူးလွန်ကျမှမဟုတ်။ဂုဏ်သိက္ခာနှင့်အရှက်တရား
ဆိုတာက နှစ်ဦးစလုံးမှာ ရှိကြသေးတယ်လေ။
YOU ARE READING
Your love is peaceful
Actionကိုယ်တစ်ခါမှမရေးဖူးတဲ့typeကိုစမ်းရေးတာပါ ပိုင်စိုးပိုင်နင်း/အရိုင်းဆန်တဲ့စာသားများပါတာကြောင့် ဖတ်ဖို့သေချာစဉ်းစားပြိးမှဖတ်ပါ⚠⚠⚠ ဇာတ်လမ်းကတစ်စုံတစ်ရာနှင့်တူညီခဲ့လျှင်တိုက်ဆိုင်တာဟုမှတ်ယူပေးဖို့တောင်းဆိုချင်ပါတယ်⚠⚠ ဖတ်မယ် မဖတ်ဘူးဆိုတာကစာဖတ်သူတွေအပိုင်...