part-27(Unicode)

617 11 2
                                    

Part-27

" ဟန်နီ "

မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ကြားလိုက်ရတဲ့ ခေါ်သံ
ကြောင့် နွေ စိတ်ကောက်စွာ တစ်ဖက်ကိုလှည့်ပြိးအိပ်
လိုက်တော့။

" ဘာဖြစ်နေတာလဲ၊ကျွန်တော်တို့ ဒယ်ဒီနဲ့မာမီကိုသွား
တွေ့ရဦးမှာနော်။ထတော့ ဟန်နီရာ "

Sayအသံကိုကြားပင်မဲ့ နွေ မသိချင်ယောင်ဆောင်ပြိး
ဆက်အိပ်နေလိုက်၏။ခနနေတော့ ကိုယ်ငွေ့ကကျော
ပြင်ထက် ပူးကပ်လာသလို့ ခံစားရတာကြောင့် နွေ မျက်လုံးကို အနည်းငယ်ဖွင့်ကြည့်လိုက်သည်။

* အား! လန့်လိုက်တာ! *

Sayကလည်ဂုတ်ထံ ခေါင်းအတင်း တိုးဝင်လာတာ
ကြောင့် နွေလန့်ဖျက်သွားပြိးစိတ်ထဲအော်လိုက်မိကာ
စောင်ကိုတင်းတင်းဆုတ်တိုင်ထားမိသည်။Say၏
အသက်ရှုသံပြင်းပြင်းကို နွေ ခံစားနေရတာမို့ရင်တုန်
ပန်းတုန်ဖြစ်နေရသည်။

" ထပြိ။ဖယ်တော့! "

သည်းမခံနိုင်တော့တာနဲ့ထလိုက်ပြိး Sayမျက်နှာဘက် ကိုလှည့်ပစ်လိုက်ပြိး မြင်နေရတဲ့
ရင်ဘက်ကြီးကို တွန်းပစ်လိုက်တော့။

" ဘာဖြစ်နေတာလဲ။ညတုန်းကတောင် အကောင်းကြီး
ရှိနေပါသေးတယ် "

" မသိဘူး၊လက်ကိုလွှတ်! "

ဟန်နီလက်ကောက်ဝတ်ကိုလွှတ်ပေးလိုက်သည်။

" ငါ မင်းကိုစိတ်ကုန်နေပြိ! "

" ဘာ! ဘာပြောလိုက်တာလဲ! "

" မင်းကြားတဲ့အတိုင်းပဲလေ။ငါ မင်းကိုစိတ်ပျက်နေပြိ "

" မောင်ကို စိတ် ကောက်နေတာမလားဟင် "

Sayကမျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ စကားတွေ
ထစ်လျက်ဖြင့်ပြောလာသည်။သို့သော် နွေ မျက်နှာတင်းတင်းနဲ့အသည်းမာသူလို့ကြည့်နေဆဲပင်။

" မဟုတ်ဘူး  စိတ်ပျက်နေပြိ၊ငါ အမှန်ကိုပြောပြနေ
တာ။မင်းနဲ့ငါ့ကလူမျိုးခြား နောက်ပြိး ငါကမိန်းကလေး
တွေကိုပဲ စိတ်ဝင်စား...... "

" ဟန်နီ!!!! "

Sayအော်သံကြောင့် နွေပုခုံးလေး တုန်တက်သွားကာ
အထိတ်တလန်ဖြင့်Sayကို ကြည့်မိသည်။စောင်အောက်တွင်ထားရှိနေတဲ့လက်ကို ကျစ်ကျစ်ပါ
အောင် ကိုင်ထားရင်းပေါ့။

Your love is peacefulWhere stories live. Discover now