Part-25
"ဘာရှာနေတာလဲ ဟန်နီ"
Luggageထဲကိုခေါင်းစိုက်ပြိးရှာနေတဲ့နွေကိုကြည့်
လာကာ မေးလာတဲ့ကောင်လေးကြောင့် နွေ လှမ်း
ကြည့်လိုက်တော့ နွေအခန်းကိုသူအခန်းသဖွယ်နေ
နေတဲ့ကောင်လေးကတစ်ကိုယ်ရေသန့်ရှင်းပြိး
တစ်ဘက်တစ်ထည်ဖြင့် အောက်ပိုင်းကိုပတ်ထားကာ
နွေအနားကိုလျှောက်လာ၏။ခေါင်းတွင်လည်းရေတစ်
စက်စက်နွေရှာနေသည်အရာက ရောင်စုံခဲတံဘူးကိုရှာနေတာပင်
အလာတုန်းက ထည့်ခဲ့သည်ဟုထင်ခဲ့ပင်မဲ့ လိုအပ်လာ
တာမို့ရှာကြည့်မိတော့ ရှာမတွေ့တာကြောင့်ရှာနေခြင်း
ပင်။ကောင်လေးကဆံပင်တွေကိုခါလိုက်တော့
ဦးခေါင်းထက်ကအေးစက်စက် ရေများကနွေလက်ခုံကို
လာစင်သည်။"ရောင်စုံခဲတံဘူးကိုရှာနေတာလား၊ပါမလာဘူး ရှာမ
နေနဲ့ ကျွန်တော်အိမ်မှာကျန်ခဲ့တာ""ဟင်!"
နွေ တအံ့တဩဖြစ်သွားကာ ကောင်လေးကိုကြည့်မိ
တော့ ကောင်လေးက နွေ မျက်နှာအနားကိုတိုးကပ်
လာ၏။နွေလည်း ရုတ်တရက်ဆိုတော့ လန့်သွားပြိး
အနောက်ကိုဆုတ်လိုက်မိသည်။"ဘာ ဘာဖြစ်လို့လဲ"
"ချစ်လို့"
"ဟမ်!"
"ချောလို့ပါဆို"
"ဪ ဘယ်သူကလည်း၊မင်းကိုမင်းပြောနေတာ
လား"အူကြောင်ကြောင်မေးလာတဲ့ဟန်နီနှာခေါင်းကိုအယာဆွဲ
လိုက်တော့ ဟန်နီကSayကို တအံ့တဩကြည့်လာ
သည်။"ဘာတွေပြောနေတာလဲ၊ကျွန်တော်ကဟန်နီကိုပြော
နေတာ နောက်ပြိး ကျွန်တော်ချောတာကျွန်တော်
သိတယ်""........."
သူဘယ်လောက်ချောကြောင်းကိုဘွဲ့တွေတပ်စာတွေစီ
ကာပြောပြလာတဲ့ကောင်လေးကြောင့် နွေ ငြိမ်ငြိမ်လေး
ထိုင်ကာ ပြောသမျှကိုနားထောင်နေမိသည်။ကောင်လေးကအဝတ်အစား လဲဝတ်ကာ ကုတင်ထက်
ထိုင်နေတဲ့ နွေ ကိုကြည့်ကာ အင်္ကျီလဲဖို့မေးဆက်ပြလာ
သည်။နွေလည်း ပြိုင်မငြင်းချင်တာနဲ့သူထုတ်ပေးလာတဲ့
အကျီကိုဝတ်လိုက်သည်။နွေ အကုန်ပြိးစီးတော့ ကောင်
လေးက နွေဘေးနားရောက်လာကာ နွေကိုကြည့်သည်။
![](https://img.wattpad.com/cover/337436787-288-k74920.jpg)
YOU ARE READING
Your love is peaceful
Acciónကိုယ်တစ်ခါမှမရေးဖူးတဲ့typeကိုစမ်းရေးတာပါ ပိုင်စိုးပိုင်နင်း/အရိုင်းဆန်တဲ့စာသားများပါတာကြောင့် ဖတ်ဖို့သေချာစဉ်းစားပြိးမှဖတ်ပါ⚠⚠⚠ ဇာတ်လမ်းကတစ်စုံတစ်ရာနှင့်တူညီခဲ့လျှင်တိုက်ဆိုင်တာဟုမှတ်ယူပေးဖို့တောင်းဆိုချင်ပါတယ်⚠⚠ ဖတ်မယ် မဖတ်ဘူးဆိုတာကစာဖတ်သူတွေအပိုင်...