Part-32
"မောင်...၊ငါဗိုက်ကနည်းနည်းနာလာတယ်"
ကမ္ဘာလှည့်ကြည့်လိုက်တော့ ဗိုက်ကိုကိုင်ရင်း မသာမ
ယာမျက်နှာထားနဲ့သူဘေးကိုကပ်ပြောလာသူ..."အရမ်းကြီး နာနေတာလား"
ခေါင်းတဆက်ဆက်ညိတ်ပြတာကြောင့် ကမ္ဘာ စိုးရိမ်
စိတ်က ငယ်ထိပ်ထိဆောင့်တက်သွားပြိး ရပ်နေတဲ့
ခင်ပွန်းအသေးလေးကိုပွေ့ချီရင်း ကားရှိရာကိုအမြန်
သွားလိုက်ပြိး သူတို့လာတာကိုမြင်သွားတဲ့အစောင့်
တွေက ကားတံခါးကြိုဖွင့်ပေးထားသည်။ကားထဲကိုဝင်ထိုင်စေလိုက်ပြိး နာကျင်နေသူကိုအသာ
ပွေ့ဖက်ထားရင်း ချိန်းထားတဲ့ဆေးရုံကို ဖုန်းဆက်
လိုက်ပြိး အပြင်ဘက်ကနေထွက်ကြိုပေးဖို့ကို ပြော
လိုက်၏။ဗိုက်နာနေသူအား အသာထွေးပွေ့ရင်း ကမ္ဘာဆောက်
တည်ရာမရတော့..."အာ့၊မောင် အဟင့်!"
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး၊အဆင်ပြေသွားမှာပါ
မငိုနဲ့...၊မငိုနဲ့နော် ဟုတ်ပြိလား၊ဆေးရုံရောက်တော့
မှာ"ရင်ခွင်ထဲကကိုယ်ငယ်လေးက လူးလိမ့်နေပြိး မျက်ရည်
ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ကမ္ဘာကို မော့ကြည့်လာမှာ ခန
ခနပင်။အသက်ကိုပြင်းပြင်းရှုရင်း..."ဘာမှမဖြစ်ဘူး၊မောင်ကိုယုံ"
"အင်း..."
တဖြည်းဖြည်းနှင့်ကိုယ်ငယ်လေးက ပျော့ခွေလာကာ
မျက်နှာလေးကပါ ဖြူဖျော့လာ၏။"ရောက်ပြိ!"
ကားတံခါးကိုဆွဲဖွင့်ရင်း ဗိုက်နာနေသူကို ကားထဲကနေ
ပွေ့ချီပြိး ကမ္ဘာဆင်းလာတော့ သူနာပြုမတွေနဲ့ဆရာ
ဝန်တွေက လှုပ်လှုပ်ရှားရှားတွေဖြစ်လာသည်။ယူလာ
ပေးတဲ့ကုတင်ထက် ကိုယ်ငယ်လေးအား ချပေးလိုက်
တော့ ခါးအစကအင်္ကျီလေးကိုဆွဲထားတဲ့လူကြောင့်
ကမ္ဘာ ငုံ့ကြည့်လိုက်တော့။"မောင်..."
"အင်း၊မောင်ကလေးလေး"
"နာမှာလားဟင်"
မျက်လုံးလေးပေကပ်ကပ်နဲ့မေးလာတဲ့စကား...
"မေ့ဆေးထိုးပြိး မွေးမှာဆိုတော့မနာလောက်ဘူး"
YOU ARE READING
Your love is peaceful
Actionကိုယ်တစ်ခါမှမရေးဖူးတဲ့typeကိုစမ်းရေးတာပါ ပိုင်စိုးပိုင်နင်း/အရိုင်းဆန်တဲ့စာသားများပါတာကြောင့် ဖတ်ဖို့သေချာစဉ်းစားပြိးမှဖတ်ပါ⚠⚠⚠ ဇာတ်လမ်းကတစ်စုံတစ်ရာနှင့်တူညီခဲ့လျှင်တိုက်ဆိုင်တာဟုမှတ်ယူပေးဖို့တောင်းဆိုချင်ပါတယ်⚠⚠ ဖတ်မယ် မဖတ်ဘူးဆိုတာကစာဖတ်သူတွေအပိုင်...