part-4(Zawgyi+Unicode)

1.6K 33 2
                                    

Zawgyi

ချစ်လွန်းငယ် အောက်ထပ်သို့ ဆင်းလာလိုက်ပြိး
လှေကားထစ်အဆင့်ဆင့်တို့ကို ဖြတ်ကျော်ချိန်
တစ်ဆင့်လောက်အလိုတွင် သူခြေထောက်တို့က
ယိုင်လဲသွားကာ...

"အားး အင့်!"

ကြမ်းပြင်ပေါ်ပြုတ်ကျမည်အထင်နှင့်ချစ်လွန်းငယ်
အားခေါင်ခြစ်၍ အော်လိုက်မိသော်ငြား သန်မာလွန်း
သော်ရင်ဘက်ကြီးနဲ့တိုက်မိသည်အခါ ဦးခေါင်းကပင်
ချာချာလည်သွားသလို ခံစားလိုက်ရသည်။

"အဆင်ပြေရင် ဖယ်တော့"

အသံအေးအေးကြောင့် သူမော့ကြည့်လိုက်မိသည်။
မျက်နှာမော်ချီထားသူကလည်း ပြန်ကြည့်လာတာ
ကြောင့် ချစ်လွန်းငယ်အမြန်ဖယ်ပစ်လိုက်မိ၏။

"ကျေးဇူးတင်ပါတယ်..."

"ဘာအတွက်လဲ"

"ဟို...ငါကိုထိန်းပေးထားလို့..."

"ဟက်!၊ကျုပ် ခင်ဗျာထင်သလောက် မရိုင်းစိုင်းဘူး"

ကောင်ငယ်လေးဟာ သိပ်ကိုပြောရဆိုရခက်လွန်း
သည်။ မနေ့ညက သူကိုစွပ်စွဲထားမိပြိး အခုမှ
သူကိုကျေးဇူးတင်နေရသည်မို့ ချစ်လွန်းငယ်မျက်
နှာအပျက်ပျက်ဖြစ်ရသည်။

ကောင်လေးက ပြောပြိးချာကနဲ့လှည့်ထွက်သွား၏။
ကိုယ်ပိုင်ကျောင်းဖြစ်တာကြောင့် ယူနီဖောင်းမဝတ်
ပဲ ကိုယ်ကြိုက်တာဝတ်လို့ရသည်။ကောင်လေး
ဘောင်းဘီဝတ်တဲ့ဆိုတာက ရှားပါးလွန်းသည်။

အမြဲတမ်း သူကိုကြည့်ရင်း ချည်ပုဆိုးနဲ့ကော်လံပါရှပ်
အင်္ကျီနဲ့သာ ကတိပါဖိနပ်ကိုလဲ အမြဲဝတ်ထားလေ့ရှိ
သည်။ငယ်ရွယ်သေးတယ်ဆိုသော်ငြား အရှိန်အဝါ
ကမသေး။

အငယ်လေးပြောပြပုံအရဆိုရင် ကောင်လေးဟာ
သူတို့ကျောင်းမှာအချောဆုံးဆိုပြိး သတင်းထွက်သည်
တဲ့လေ၊မြန်မာအမျိုးသားပိပိကို ကြည့်ချင်ရင် သူကိုပဲ
လက်ညိုးထုတ်ပြတက်ကြသည်တဲ့လေ။

"ကိုကိုကြီး သွားမယ်လေ၊ဘာလုပ်နေတာလဲ"

"ဪ...အင်းအင်း၊အငယ်လေးရော အောက်ဆင်း
မလာသေးဘူးလား"

နွေလေးက သူလွယ်အိတ်ထဲက စာအုပ်ကိုထုတ်ပြိး
သူကိုကြည့်ကာ ပြုံးပြလာသည်။ဆယ်တန်းစားမေး
ပွဲက ဒီနေ့ဖြေရမည်ဖြစ်သည်။

Your love is peacefulWhere stories live. Discover now