Part-28(Zawgyi)

200 3 0
                                    

Part-28

သတိပြန်လည်လာတဲ့ အခိုက်တွင် သူပါးစပ်ကိုတိပ်
တစ်ခုနဲ့ကပ်ပစ်ထားပြိး မျက်လုံးကိုပါ ပဝါတစ်ခုနဲ့
စီးထား၏။ကြားနေရတဲ့ ပန်ကာလည်သံကြောင့် သူ
စိုးရိမ်သွားသည်။

" နိုးလာပြိလား  အလှလေး "

လက်ကိုနောက်ပြန်ကြိုးတုတ်ခံထားရတာမို့ ရုန်း၍မရ
ယောက်ကျားအသံကိုကြားနေရပင်မဲ့ တဂယ်ပဲ ပြန်ပေး
ဆွဲခံရတာလား။ခြေသံကြောင့် ရုန်းနေတာကို ရပ်တန့်
လိုက်ပြိး အသေချာကို နားစွန့်နေမိသည်။

ဘယ်ဘက်မှာ ပြတင်းပေါက်တစ်ခု ရှိတယ်။အနောက်
ဘက်က တိုင်တစ်ခုမှာ လေအေးပေးစက် တစ်လုံးရှိ
တယ်။အရှေ့မှာတော့ တံခါးပေါက်ရှိနေတယ်။
ဘေးပတ်ပတ်လည်မှာ ဘာမှတော့သိပ်ပြိး ရှိမနေဘူး။
ဘာလို့ဆို သူထိုင်နေတဲ့ထိုင်ခုံတစ်လုံးပဲ ရှိတယ်။

အကဲခက်တက်တဲ့ချစ်လွန်းငယ်အတွက်တော့ ဤအရာ
တွေကို မမြင်ရတောင် ခန့်မှန်းတက်သည်။နောက်ပြိး
မောင်ကိုယ်တိုင်က သူကိုအန္တာရယ်တစ်ခုခု ကြုံ့ကြိုက်
လာခဲ့လျှင် မထိခိုက်အောင် သင်ပေးထားတာလည်း
ပါကောင်းပါနိုင်သည်။

" ဟေး  ပြန်အိပ်နေပြန်ပြိလား "

ပါးကိုပုတ်လာတာကြောင့် မျက်နှာကိုနံဘေးထံ လွှဲချပစ်
လိုက်တော့......

" တောက်! "

တောက်ခေါက်သံအကျယ်ကြီးကြောင့် လန့်သွားပင်မဲ့
စိတ်ကိုငြိမ်ငြိမ်ထားဖို့တွေးလိုက်မိသည်။ဗိုက်ထဲက
ကလေးသာ တစ်ခုခုဖြစ်သွားလျှင် သူကိုယ်သူခွင့်လွှတ်
နိုင်မည် မဟုတ်ပါ။တစ်ဖက်ကလှုပ်ရှားမှုကို နားစွန့်နေ
တုန်း တံခါးဖွင့်သံအကျယ်ကြီးကြောင့် သူပုခုံးလေးတုန်
တက်သွား၏။

" ဗိုက်ထဲမှာကလေးရှိတယ်မလား "

နားနားကိုကပ်ကာပြောလာတဲ့ စကားတစ်ခွန်းကြောင့်
သူလက်တွေကိုရုန်းပစ်လိုက်မိသည်။ရုန်းရလွန်းလို့
လွန်းငယ် ငိုချပစ်ချင်မိသည်။သို့သော် မျက်လုံးကဘာမှ
မမြင်ရတာမို့ မငိုတော့မငိုရဲပါ။

ခနအကြာတော့ မျက်လုံးထက်ကပဝါကို ဖြည်ပေးလာ
တာကြောင့် အသက်ရှုရတာချောင်သွားသည်။အလင်း
ရောင်ကြောင့် တော်တော်နဲ့မျက်လုံးက မဖွင့်နိုင်။မှိတ်
ထားပြိး ခနနေမှသာ ဖွင့်ကြည့်လိုက်မိသည့်။

Your love is peacefulWhere stories live. Discover now