part-40(Unicode)

2.2K 18 3
                                    

Part-40

"Say!  ဒီဘက်မှာ!"

နွေအသံကိုကြားတော့  Sayကြည့်လာပြိး နွေကိုမြင်
တော့ ပြုံးပြသည်။ ပြိးနောက် နွေဘက်ကိုလျှောက်
လာသည်။

"ဘယ်လိုလဲ"

"အဆင်ပြေတယ်!"

"ဝမ်းသာပါတယ်...မင်းဆီက ဒီစကားကိုကြားရတာ"

ဒါဟာ နွေအသံမဟုတ်ချေ။Sayအနောက်ကနေ
ထွက်လာတဲ့အသံတစ်သံသာ...

Sayလှည့်ကြည့်တော့ အနောက်တွင်ရပ်နေတဲ့ကမ္ဘာ က  Sayကိုပုခုံးတွန့်ပြလာသည်။သူနှုတ်ခမ်းမဲ့ပြိး
ဟန်နီကိုပဲဖက်လိုက်သည်။

"မရီးရော"

သူ(Say)မေးတဲ့မေးခွန်းကြောင့် ကမ္ဘာကထရယ်
သည်။အခုတလော  ဟန်နီအစ်ကိုဖြစ်သူအား မရီး
ဟုခေါ်တက်သော်သူကြောင့် ဟန်နီနဲ့ကမ္ဘာက ထထ
ရယ်နေဆဲပင်။

"မရီး,မရီး လုပ်မနေနဲ့...ဘေဘီပေါက်စကစိတ်
ကြီးတယ်နော် သူပါးပါးကိုသာ အဲ့လို့ခေါ်တာကြားရင်
အိုက်ယား...မင်းဘဝကမတွေးရဲစရာပဲ"

"ဟီးဟီး...ကျွန်တော်လဲ ထောက်ခံပါတယ်"

ဟန်နီကခေါင်းလေးတညိတ်ညိတ်ဝင်ပြောသည်။

Sayမျက်နှာကပုတ်သိုးသွားပြိး ဘယ်သူကိုမှအဖတ်
မလုပ်ပဲ နေထိုင်ရာအိမ်ကိုသာ ရောက်နိုင်ဖို့ ကားဆီ
ကိုသာသွားလိုက်သည်။

နှစ်ယောက်ပေါင်းစလိုက်သည်မို့ စိတ်ကောက်သွား
တဲ့ကောင်လေးကြောင့် နွေလဲ အစ်ကိုယောက်ကျား
ဖြစ်သူကိုနှုတ်ဆက်ပြိး ထွက်လာခဲ့လိုက်သည်။

ကားပေါ်ရောက်တော့
တစ်ဖက်လူမျက်နှာကကြည်ရဆိုးအောင်ဖြစ်နေသည်မို့
နွေမရယ်မိအောင်မနည်းထိန်းထားရသည်။ ကားခါးပတ်ကိုဆွဲယူကာ ပတ်ပြိးနောက် ခေါင်းကိုအမော့တွင် အပေါ်ကနေအုပ်မိုးလာတဲ့
ခန္ဓာကိုယ်ကြောင့် နွေပါးလေးက နီမြန်းသွားခဲ့၏။

"အဟွန်း...ဘာမှမလုပ်ရသေးဘူးနော်"

"ဖယ်ကွာ၊ ပြန်နားချင်ပြိ"

"လေယာဉ်စီးလာတာက ကျွန်တော်ပါ၊ ဟမ်း!
ဟန်နီကဘာလို့ပင်ပန်းတာလဲ"

"ဘယ်လိုပဲဖြစ်ဖြစ် မင်းကြောင့်မနက်အစောကြီး
ဂိတ်ပေါက်ကနေလာစောင့်ပေးရတာလေ"

Your love is peacefulWhere stories live. Discover now