part-31
နှစ်ယောက်သားအတူနေပြိးသွားတိုင်း ကလေးငယ်က
ဖျားနာတက်တာကြောင့် ကုဋေတစ်မနက်လုံး ကလေး
ငယ်ဘေးကနေ မခွာ။ ကလေးငယ်ကတော့ ပိတ်ရက်
ဖြစ်တာကြောင် အိမ်မှာပဲအနားယူနေ၏။သူမရှိတုန်း
ကလေးငယ်တစ်ခုခုဖြစ်သွားမှာကို သူမလိုလား။ခင်ပပနဲ့ဘုန်းအာကာရှိန်ကိုလူလွတ်ပြိး စောင့်ကြည့်ခိုင်း
ထားပြိး ကုဋေကတော့ ကလေးငယ်အနားပဲနေသည်။
ကလေးငယ်ကအိပ်နေတာကြောင့် ကုဋေ အိပ်နေရာက
နေ ထရပ်လိုက်ပြိး ဖုန်းကိုယူကာ အပြင်ဘက်ဝရံတာကို
ထွက်လာလိုက်သည်။ဖုန်းဆက်စရာ လူတစ်ယောက်ရှိ
တယ်။ဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုလိုက်ပြိးနောက် တစ်ဖက်က
ကိုင်လာပြိး..."Hello...နေကောင်းတယ်မလား ချိုချို"
"နေကောင်းပါတယ်၊သားကုဋေရော နေကောင်းလား"
"သား နေကောင်းတယ်၊တစ်ခုလောက်အကူအညီ
တောင်းစရာရှိလို့ ချိုချို"ချိုချိုဆိုတာက သူအဖေ၏ညီမအရင်းတစ်ယောက်
ပင်။ချိုချိုက အပျိုကြီးဖြစ်နေတာကြောင့် ကုဋေကို
ဆိုရင် သည်းရှာသည်။ကုဋေလည်း ဖေဖေတို့တစ်
မျိုးလုံးမှာ ချိုချိုတစ်ယောက်ကိုသာချစ်သည်။တခြား
သူတွေကိုတော့ မျက်နှာတောင်မကြည့်ချင်။"ပြောလေ သား"
"ဟုတ်၊သားချစ်သူကို ချိုချိုနေတဲ့နေရာကိုခနလောက်
ပို့ထားချင်လို့၊အခု သားလုပ်ရမယ်အရာက သူကိုပေး
သိလို့ရတဲ့အရာမဟုတ်ဘူး.....ချိုချို သားကိုကူညီပါ
နော်"ချိုချိုဘက်က အသံတို့ကတိတ်ကျသွားပြိးနောက်...
"ချိုချို!"
"ဟေ အေး၊ချိုချိုအတွက်က ကိစ္စမရှိပါဘူးကွယ်
တစ်ယောက်လာတော့ ချိုချိုအထီးမကျန်ရတော့တာ
ပေါ့ကွယ်....ဘာမှမဖြစ်ဘူး သားချစ်သူကိုပို့သာပို့
လိုက်၊ချိုချိုက သူပျော်သွားအောင်လုပ်ပေးမယ်လို့
အာမခံတယ်""ဟုတ်၊သဘက်ခါကျရင် သားလာခဲ့မယ်နော်၊ချိုချို
အဒီဘက်က အေးနေပြိလား""အမလေး မောင်းမင်းကြီးသားရယ်၊အေးတာပေါ့
အေးလွန်းလို့ ဒီကကျွန်တော်မျိုးမတောင်မေးခိုက်နေ
ပြိ...အနွေးထည်များများလေး ထည့်ပေးလိုက်"
YOU ARE READING
Your love is peaceful
Actionကိုယ်တစ်ခါမှမရေးဖူးတဲ့typeကိုစမ်းရေးတာပါ ပိုင်စိုးပိုင်နင်း/အရိုင်းဆန်တဲ့စာသားများပါတာကြောင့် ဖတ်ဖို့သေချာစဉ်းစားပြိးမှဖတ်ပါ⚠⚠⚠ ဇာတ်လမ်းကတစ်စုံတစ်ရာနှင့်တူညီခဲ့လျှင်တိုက်ဆိုင်တာဟုမှတ်ယူပေးဖို့တောင်းဆိုချင်ပါတယ်⚠⚠ ဖတ်မယ် မဖတ်ဘူးဆိုတာကစာဖတ်သူတွေအပိုင်...