အပိုင်း ( ၅၁ ) unicode

270 38 32
                                    




"အလေးပြု! ဗိုလ်မှူးဗြောင်ဘတ်ဟျွန်းက တွေ့ခွင့်တောင်းနေပါတယ်.. ဆရာ"

အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်လေးကို သယ်လာတဲ့ စစ်သားလေးဆီက အစီရင်ခံစကားကြောင့် မပြီးပြတ်နိုင်တဲ့ အလုပ်စာရွက်စာတမ်းပုံကြားမှာ နစ်မြုပ်လုမတက်ဖြစ်နေတဲ့ ရိဖန်က ကွန်ပြူတာဆီကနေ အကြည့်လွှဲလိုက်ရင်း သူ့လက်ထောက်စစ်သားလေးကို ခေါင်းတစ်ချက်ဆတ်လို့ အသိအမှတ်ပြုလိုက်တယ်၊

" ဝင်ခွင့်ပြုလိုက်၊ "

အမိန့်ကို နာခံဟန်ပြုတဲ့ စစ်သားလေးက နေ့စဉ်ဆက်တိုက် အလုပ်လုပ်နေတဲ့ အထက်လူကြီးကို စိတ်ပူသလိုကြည့်ရင်း သူ ယူလာတဲ့ ကော်ဖီပန်းကန်လေးကို ရိုရိုသေသေလေး စားပွဲပေါ်မှာ ချပေးပြီးမှ အခန်းထဲက ထွက်သွားတယ်၊

အဲ့တော့မှပဲ ခပ်သင်းသင်းကော်ဖီနံ့လေးကြောင့် အလုပ်ဒဏ်ကြောင့် ပင်ပန်းနေရာကနေ စိတ်ပြန်ကြည်လင်လာတဲ့ ရိဖန်က လက်နှစ်ဖက်ကို ဆန့်ထုတ်လို့ အကြောဆန့်အညောင်းဖြေပြီးမှ ကော်ဖီကို တစ်ငုံငုံလိုက်တယ်၊

ခါးသက်သက် အရသာက လျှာဖျားမှာ စိမ့်ဝင်ပြီး ခံစားချက်ကောင်းစပြုလာချိန်မှာပဲ ဝတ်စုံပြည့်ဝတ်ထားတဲ့ ဗိုလ်မှူးဟျွန်းက အခန်းထဲကို ဝင်လာတယ်၊ အနည်းငယ် ပိန်ကျသွားတဲ့ ဗိုလ်မှူးရဲ့ ပုံပန်းကို အကဲခတ်ပြီးတဲ့ နောက်မှာ ရိဖန်ရဲ့ မျက်ဝန်းအကြည့်က အနည်းငယ်ကို ဖျော့တော့လို့သွားပြီးမှ ကော်ဖီကို နောက်တစ်ကြိမ် သောက်လိုက်တယ်၊

" အလေးပြု "

" အင်း ထိုင်လေ "

အသိအမှတ်ပြု စကားနဲ့အတူ သူက ရှုပ်ထွေးနေတဲ့ စာရွက်အပုံတွေကြားကနေ ဗိုလ်မှူးအတွက် သီးသန့်ထုတ်ပေးထားတဲ့ အမိန့်လွှာကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တင်ပေးလိုက်တယ်၊ ပိန်ပါးနေတဲ့ ဘတ်ဟျွန်းပုံစံက စိတ်ပူစရာဆိုပေမဲ့လည်း လွန်ခဲ့တဲ့ ရက်တွေမှာ ဒေါက်တာလေးပတ်ချန်းယောနဲ့ ပဠိပက္ခတွေကို ဖြေရှင်းနိုင်ခဲ့ပြီဆိုတဲ့ သတင်းကို ကြားတာကြောင့် အနည်းငယ် စိတ်သက်သာရတာတော့ အမှန်ပဲ၊

" ခန္ဓာကိုယ်အခြေအနေက ဘယ်လိုနေသေးလဲ "

" သက်သာသွားပါပြီ "

You've reached the end of published parts.

⏰ Last updated: 15 minutes ago ⏰

Add this story to your Library to get notified about new parts!

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now