"ကင်မ်နမ်ဂျွန်းနဲ့အတူ ထွက်ပြေးဖို့ကြံနေခဲ့တာလား"
သူ့ကို တချက်လေးမှလှည့်မကြည့်ပဲ ပြောနေသည့်ထယ်ယောင်းသည် တကယ်တမ်းတော့ အဖြေကိုကြားချင်ဟန်မတူ...
မေးရိုးကြောကြီးများထောင်နေအောင် အံတင်းတင်းကြိတ်ထားရင်း တောက်ခ်တခေါက်ခေါက်ဖြင့်ထယ်ယောင်းက လုပ်ရက်လိုက်တာဆိုသည့်အတွေးကသာ ခေါင်းထဲ၌ကြီးစိုးနေသည်... ဆော့ဂျင်က သူ့ကိုထားခဲ့ဖို့ ထပ်ကြိုးစားပြန်သတဲ့လေ...
ဘုန်း ဘုန်း ဘုန်း !!
ကျစ်ကျစ်ပါအောင်ဆုပ်သောလက်သီးတင်းတင်းက သွေးကြောမျှင်များပါ စိမ်းညို့နေကာ လက်ဖမိုးမှာခုံးခုံးထလျက် ကားစတီယာရင်ကို တဘုန်းဘုန်းထုနေသည်...
ဘေးခုံတွင်ထိုင်နေသည့်ဆော့ဂျင်က လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေသော်လည်း သူ့ကိုတင်းနေအောင်ပတ်ထားသည့် ခါးသိုင်းကြိုးကြောင့် မလူးသာမလွန့်သာ...
တစထက်တစ ပိုသည်းလာသည့်မိုးများကြောင့် ကားမှန်ပေါ်မှတဆင့် မိုးရေများစီးကျလာနေသည်မှာ ရေတံခွန်လိုပင်ဖြစ်နေကာ ကားရေသုတ်တံပင်မနိုင်ရလောက်အောင် လေးပင်စွာ သုတ်တင်နေရသည်...
မိုးသည်းသည်းအောက်တွင် ထယ်ယောင်း၏ကားလေးကတော့ ကင်မ်အိမ်တော်ဆီ အရှိန်ပြင်းပြင်းမောင်းနှင်နေဆဲ...
~~~~~~~~~~~××××××××××~~~~~~~~~~~
ကျွီ !!
ကင်မ်အိမ်တော်ရဲ့ပေါ်တီကိုအောက်ကို သူတို့ကား ရုတ်တရက်ဆောင့်ရပ်လိုက်ပြီးတာနဲ့ ထယ်ယောင်းက ကားမောင်းသူဖက်ခြမ်းကနေ ၀ုန်းဒိုင်းကြဲဆင်းလာသည်...
ထို့နောက် ဆော့ဂျင်ရှိရာဖက်ဆီလျှောက်သွားကာ ကားတံခါးကိုဆွဲဖွင့်လိုက်ပြီး ဆော့ဂျင်ကိုပတ်ထားသည့် ခါးသိုင်းကြိုးကို ဒေါသတကြီးဖြုတ်ပေးနေရင်း...
"နောက်တစ်ခါထွက်ပြေးဖို့ကြံရင် ဘယ်တော့မှ အပြင်မထွက်ရတော့ဘူးလို့ မင်းကို ကိုယ်အတန်တန်ပြောထားတယ်... ကိုယ်ပြောခဲ့တာကို နောက်နေတယ်လို့ထင်နေတာလား..ဟမ်"
ဆော့ဂျင်၏လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ကာ ကားထဲမှ အတင်းဆွဲထုတ်တော့ ဆော့ဂျင်လည်း ကြောက်လန့်တကြားဖြင့် အင်အားရှိသလောက် ရုန်းကန်နေမိသည်... နှုတ်ကလည်း သူ့ကိုလွတ်ဖို့ပြောနေရင်း...

YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :