|| တစ္ဆေကျင်းပတဲ့ မင်္ဂလာပွဲ ၊ မင်္ဂလာဝေါယာဉ်ပေါ်က အိမ်ရှေ့စံ [ အပိုင်း ၁] ||
ဝေါယာဉ်ထမ်းတဲ့ လူတွေထဲက တစ်ယောက်က သတိမထားမိဘဲ ဝေါယာဉ်ထဲက ထွက်ကျလာတဲ့ သတို့သမီးရဲ့ လက်တစ်ဖက်ကို တက်နင်းမိပြီး စူးစူးဝါးဝါးထအော်တော့တယ် ။ မင်္ဂလာ သတို့သမီးပို့တဲ့ လူစုဟာ ရုတ်ရုတ်သည်းသည်း ကစဥ့်ကလျားတွေ ဖြစ်ကုန်ပြီး ကြွက်ကြွက်တွေညံကုန်တယ် ။ ဘေးက လူတစ်ယောက်က ရုတ်ရုတ်သည်းသည်းတွေကြား ရောက်လာပြီး သူ့လက်ထဲက ဖွေးလက်နေတဲ့ ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ဟိုဒီကြည့်ရင်း အော်မေးနေတယ် ။
" ဘာဖြစ်တာလဲ ? လာပြီလား !!!!?"
အဲဒါရဲ့ နောက် အကျိုးဆက်ကတော့ လမ်းပေါ်မှာ လူတွေ အုံခဲလာတာပဲ ။ ရှဲ့လျန်က ဝေါယာဉ်ပေါ်က ထွက်ကျလာတဲ့ အရာကို သေချာပြန်ကြည့်လိုက်တော့ ပြုတ်ကျသွားတဲ့ ခေါင်းပြတ်ဟာ တကယ့်လူခေါင်းမဟုတ်ဘူးဆိုတာ သိလိုက်ရတယ် ။ အဲဒါက သစ်သားအရုပ်ခေါင်းကြီးပဲ ။
" ရုပ်ဆိုးလိုက်တာ "
ဖူယောင်က မှတ်ချက်ချတယ် ။
အဲဒီအချိန်မှာပဲ အဖျော်ဆရာလေးဟာ ကြေးနီရေနွေးကရားအိုးကို ကိုင်ကာ အနားရောက်လာတယ် ။ ရှဲ့လျန်က မနေ့က ဒီလို စီတန်းလှည့်လည်သွားတဲ့ကို မြင်ခဲ့ရချိန် အဖျော်ဆရာလေးရဲ့ အမူအရာကို ပြန်အမှတ်ရမိပြီး မေးလိုက်တယ် ။
" ဆိုင်ရှင်ရေ .. မနေ့ကလည်း ဒီလိုရုတ်ရုတ်သည်းသည်း လူတွေကို ကျွန်တော်တွေ့ခဲ့ရတယ် ... ဒီနေ့လည်း တွေ့ပြန်ပြီ ! သူတို့ ဘာလုပ်နေကြတာလဲ ဗျ ?"
အဖျော်ဆရာလေးက ပြန်ဖြေတယ် ။
" ကိုယ့်သေတွင်း ကိုယ်တူးနေကြတာလေ "
"ဟားဟားဟား...."
ရှဲ့လျန်က သူ့ရဲ့ အဖြေကို မအံ့သြမိဘူး ။ သူထပ်မေးလိုက်တယ် ။
" သူတို့ တစ္ဆေသတို့သား ထွက်လာအောင်များ မျှားထုတ်နေတာများလား ?"
အဖျော်ဆရာလေးက ပြန်ဖြေတယ် ။
" တခြား ဘာလုပ်ဖို့လို့ ထင်သေးလို့လဲ ? ပျောက်သွားတဲ့ သတို့သမီးအဖေက တစ္ဆေသတို့သားကို ဖမ်းပြီး သူ့သမီးကို ရှာပေးနိုင်ရင် ဆုငွေအများကြီးပေးမယ်လို့ ကြေညာထားတာလေ ! အဲဒါနဲ့ပဲ အဲဒီလူတွေ ဆူညံပူညံနဲ့ ပတ်ဝန်းကျင်ကို တစ်နေ့လုံး အနှောက်အယှက်ပေးနေတော့တာပဲ "