33-စစ်နတ်ဧကရာဇ်မင်းကြီး နန်းဆောင်တွင် အိမ်ရှေ့စံက အိမ်ရှေ့စံ နှင့်တွေ့ဆုံခြင်း

26 0 0
                                    

|| စစ်နတ်ဧကရာဇ်မင်းကြီး နန်းဆောင်တွင် အိမ်ရှေ့စံက အိမ်ရှေ့စံ နှင့်တွေ့ဆုံခြင်း [ အပိုင်း ၂ ] ||

လင်းဝမ်ဟာ ပလ္လင်နားကို လှမ်းလျှောက်သွားတယ် ။တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ သူမဟာ မျက်နှာထားတည်တည်နဲ့ မှတ်စုစာရွက်လိပ်ပေါ် တစ်ချက်ကြည့်ပြီး လက်နဲ့ ထောက်လိုက်ရင်း ပြောတယ် ။

" အရှင် ဧကရာဇ်မင်း ! နတ်မင်းတချို့က လူ့ပြည်မှာ စစ်ဆေးလှည့်လည်နေတာကြောင့် ပြန်မလာနိုင်တာတွေ ရှိနေပါတယ်"

ကျွင်းဝူက အသာခေါင်းညိတ်တယ် ။

" သူတို့ ကိစ္စက သတင်းပို့ထားကြပြီးပြီ"

လင်းဝမ်က သိရှိပြီ ဖြစ်ကြောင်း အသာဦးညွှတ်လိုက်တယ် ။ ကျွင်းဝူက ရှဲ့လျန်ဘက်လှည့်ပြီး ...

" ရှန်းလာ့ ! မင်းကို ဘာလို့ ဒီနေ့ ဆင့်ခေါ်လိုက်ရသလဲဆိုတာ သိချင်နေလိမ့်မယ်လို့ ငါကိုယ်တော် ထင်တယ်"

ရှဲ့လျန်က ဦးညွှတ်ထားဆဲပဲ ။

" ကျွန်တော် မှန်းမိပါတယ် ! ဒါပေမဲ့ စစ်သူကြီးရှောင်ဖေ ရဲ့ ကိစ္စကတော့ အတည်ပြုပြီးသွားပြီးပြီလို့ ကျွန်တော် ယူဆမိတယ်"

အဲဒီ့အချိန် အမျိုးသားတစ်ယောက်ရဲ့ အသံဟာ ဟိန်းထွက်လာတယ် ။

" ကိစ္စက အတည်ပြုပြီးပြီလား မပြီးသေးဘူးလားဆိုတာ ပြောဖို့ခက်ပါသေးတယ်"

နောက်ကျောဆီကလာတဲ့ အဲဒီအသံဟာ ယုံကြည်ချက်အပြည့်နဲ့ ။ ရှဲ့လျန်က နောက်လှည့်ကြည့်လိုက်တဲ့အခါ စစ်နတ်မင်းတစ်ပါး ခန်းမဆောင်ကြီးထဲ လှမ်းဝင်လာတာကို တွေ့လိုက်ရတယ် ။ သူ့ရဲ့ လက်ကို ဓားရိုးပေါ်တင်ထားရင်း သူဟာ အရှေ့ကို လျှောက်လှမ်းလာတယ် ။ သူက ရှဲ့လျန်ကို ဖြတ်ကျော်သွားပြီးမှ သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းလေးဟာ အသာကွေးညွှတ်လို့သွားတယ် ။

" လေးစားပါတယ် အိမ်ရှေ့စံ အရှင့်သား!"

အဲဒီစစ်နတ်မင်းဟာ အသက်အားဖြင့် နှစ်ဆယ့်ခြောက် နှစ်ဆယ့်ခုနှစ် နှစ်လောက်ပဲ ရှိဦးမယ်လို့ ထင်ရတယ် ။ သူ့ရဲ့ ပုံစံဟာ ခန့်ညားပြီး ကြော့ကြော့မော့မော့နဲ့ သူကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ ပုံပဲ ။ရှဲ့လျန်ဟာ သူ့မျက်နှာကိုကြည့်လိုက်တာနဲ့ ယွီကျွင်းတောင်ပေါ်မှာ သူတွေ့ခဲ့ရတဲ့ နတ်ရုပ်တုထက် ပိုပြီး ချောမော ခန့်ညားတယ်လို့ တွေးမိတယ် ။ သူ့ရဲ့ ခန့်ညားချောမောမှုက အမှန်တကယ်ကို နှလုံးသားပေါင်းများစွာကို ဖမ်းစားနိုင်ပြီး သိပ်ကို ညှို့ဓာတ်ပြင်း ဆွဲဆောင်နိုင်တဲ့ သူမျိုးပဲ ။ ရှဲ့လျန်က ပြန်မဖြေခင်မှာပဲ သူက ဆက်ပြောတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now