11-တောင်ပေါ်မှာဖုံးကွယ်ခံထားရတဲ့နတ်ကွန်း ၊ ဇောက်ထိုးဆွဲအလောင်းကောင်တောအုပ်

19 2 0
                                    

|| တောင်ပေါ်မှာ ဖုံးကွယ်ခံထားရတဲ့ ရှေးဟောင်း နတ်ကွန်း ၊ ဇောက်ထိုးတွဲလောင်းဆွဲ အလောင်းကောင်တောအုပ် [ အပိုင်း ၃ ] ||

တစ္ဆေအမျိုးသမီးရဲ့ မျက်နှာပေါက်က ဘဲဥပုံ ရှိပြီး လေးကိုင်းလို ကွေးညွှတ်တဲ့ မျက်ခုံးတွေပိုင်ဆိုင်တယ် ။ သူမက အမှန်တကယ်ကိုပဲ သိပ်ကို ချောမောလှပလွန်းတယ် ။ ယခင်က သူမရဲ့ အလှအပထဲမှာ သူရဲကောင်းဆန်မှု အရောင်အဝါတွေ တောက်ပခဲ့ပေမဲ့ အခုတော့ မဖုံးကွယ်ထားနိုင်တော့တဲ့ မကျေမနပ် မုန်းတီးမှုတွေကိုသာ အထင်းသားမြင်နေရတယ် ။ သူမဟာ အမုန်းတရားအမှောင်ထဲမှာ ကာလရှည်ကြာ ပိတ်မိနေပြီး အလင်းကိုမမြင်နိုင်တော့သလိုပဲ ။ သူမဟာ မြေပြင်ပေါ်ဒူးထောက်ထားတာကြောင့် ဝတ်ထားတဲ့ သတို့သမီး အကျီရဲ့ ဒူးအောက်ပိုင်းဟာ စုတ်ပြဲ ဖွာလန်နေတယ် ။ ဒါကြောင့် ဒီလိုကောလဟာလာတွေ ပေါက်ဖွားလာခဲ့တာမှန်း သိသာတယ် ။

သူတို့ နှစ်ဦးသား အချိန် တစ်ခုအထိ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြပြီးတဲ့နောက် ရှဲ့လျန်က စပြောလိုက်တယ် ။

" ရွှမ်းကျီး ? "

ကြည့်ရတာ သူမဟာ နာမည်တပ်ခေါ်မခံခဲ့ရတာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီ ထင်ရဲ့ ။ သူမရဲ့ နာမည်ခေါ်ဆိုသံကို ကြားလိုက်ရတဲ့အချိန် တစ္ဆေမရဲ့ မျက်နှာမှာ ရှိနေခဲ့တဲ့ မကျေမချမ်း မုန်းတီးမှုအရောင်တွေဟာ တစ်ခဏအတွင်း လွင့်ပျယ်သွားပြီး မျှော်လင့်ချက်အလင်းရောင်လေးတွေ တောက်လာသလို ထင်ရတယ် ။

သူမကပြောတယ် ။

" ..... သူ က ငါ့ကိုရှာဖို့ နင့်ကို လွှတ်လိုက်တာလား ? ဟုတ်တယ် မဟုတ်လား ?"

အဲဒီ " သူ " ဆိုတာ ရှဲ့လျန် ခန့်မှန်းမိသလောက်ကတော့ သေချာပေါက် စစ်သူကြီး ဖေ ကို ရည်ညွှန်းတာပဲ ဖြစ်မယ် ။

ရွှမ်းကျီးက ထပ်မေးပြန်တယ် ။

" ဒါဖြင့် သူကရော ...? သူက ဘာလို့ ငါ့ကို ကိုယ်တိုင်လာမတွေ့ရတာလဲ ?"

မေးနေတဲ့ သူမရဲ့ မျက်နှာမှာ မျှော်လင့်ချက်အပြည့်နဲ့ စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေဟန် အပြည့်ဖြစ်တာကြောင့် ရှဲ့လျန်ဟာ " သူလွှတ်လိုက်တာ မဟုတ်ဘူး " လို့ ပြန်မဖြေတာ အကောင်းဆုံးပဲလို့ ခံစားမိတယ် ။ ရှဲ့လျန် ဆီက အဖြေမရတဲ့အခါ ရွှမ်းကျီးဟာ ရုတ်တရက် ကြမ်းပေါ် လဲကျသွားတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now