|| မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန် [ အပိုင်း ၃] ||
ရှဲ့လျန်ဟာ နားထောင်လေလေ ထူးဆန်းလေလေ ၊ စဉ်းစားလေလေ ရှုပ်ထွေးလာလေလေနဲ့ ပြောလိုက်တယ် ။
"စစ်သူကြီး ကျွန်တော် တစ်ခုလောက်မေးချင်..."
ဒါပေမဲ့ ခေါ့မော်က ပြောတယ် ။
" မမေးနဲ့ ! မင်းတို့က ငါ့စစ်သည်တွေကို သတ်ပစ်ခဲ့ပြီး ဘာမေးချင်နေသေးတာလဲ ! ငါ မဖြေနိုင်ဘူး လာတိုက်လှည့်"
"သူတို့ကို သတ်တာ ကျုပ် ! သူက ဘာမှလုပ်တာမဟုတ်ဘူး ခင်ဗျား သူမေးတာကို ဖြေလို့ရတယ် ! တိုက်ချင်သပဆို ပြီးမှ ကျုပ်နဲ့လာတိုက်"
စန်းလန်က ဝင်ပြောတယ် ။
".........."
ဟုတ်တယ်လေ ... ဒါက ငြင်းမရတဲ့ ယုတ္တိ ယုတ္တာရှိတဲ့ အဖြေပဲ ။ ခေါ့မော်က ဒေါသတကြီး အော်ဟစ်တော့တယ် ။
"မင်းတို့က သူ့ရဲ့ ကူဖော်လောင်ဖက်တွေ အကုန်အတူတူပဲ"
ရှဲ့လျန်က ချက်ချင်းပြန်ပြောလိုက်တယ် ။
"စစ်သူကြီး ခေါ့မော် ! သင် တစ်ခုခုမှားနေပြီလို့ထင်တယ် ! ကျွန်တော်တို့က ပန့်ယွဲ့ ပုရောဟိတ် နတ်ဆရာမကို အပြတ်ရှင်းဖို့ ကောပိသဲကန္တာရထဲ လာကြတာ ဘယ်လိုလုပ် သူ့ရဲ့ ကူဖော်လောင်ဖက် ဖြစ်နိုင်မှာလဲ?"
နတ်ဆရာမချုပ်ကို ချေမှုန်းသုတ်သင်ဖို့ လာတာဆိုတာကို ကြားလိုက်တာနဲ့ ခေါ့မော်တစ်ယောက် ငြိမ်ကျသွားတယ် ။ တစ်ခဏအကြာမှာ သူက ပြောပြန်တယ် ။
"တကယ်လို့ မင်းတို့က သူလွှတ်လိုက်တာ မဟုတ်ဘူးဆိုရင် ဘာလို့ ငါ့စစ်သည်တွေကို သတ်ပစ်ရတာလဲ ?"
ရှဲ့လျန်က ပြောလိုက်တယ်။
" ဒါကတော့ သင်က ကျွန်တော်တို့ကို ကျင်းထဲ ပစ်ချတာကိုး ကျွန်တော်တို့က ကိုယ့်ဟာကိုယ် မကာကွယ်ရတော့ဘူးလား?"
ခေါ့မော်က ဒေါသတကြီး အော်ပြန်တယ် ။
" အဓိပ္ပါယ်မရှိတာတွေ!!!! ငါ မင်းတို့ကို ပစ်မချဘူး !!! ငါ စောစောက မင်းကို ဖမ်းတောင် ဖမ်းဆွဲထားသေးတာ !!! မင်းတို့ဟာ မင်းတို့ ခုန်ချသွားကုန်တာ!!!"