42-သုခစံရိပ်မြုံရဲ့ ညအချိန် ၊ စူးစမ်းမှုအတွက် မြေအောက်ဥမင်ထဲ တိုးဝင်ခြင်း

36 2 0
                                    

|| သုခစံရိပ်မြုံရဲ့ ညအချိန် ၊ စူးစမ်းမှုအတွက် မြေအောက်ဥမင်ထဲ တိုးဝင်ခြင်း [ အပိုင်း ၁ ] ||

ရှဲ့လျန်က ကိုယ်ကို အနည်းငယ်ကိုင်းလိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်တယ် ။

" တွေ့ရတာ ဝမ်းသာပါတယ်"

ရှဲ့လျန်ရဲ့ နှုတ်ဆက်သမှုကို ကြားတဲ့အခါ အဲဒီမျက်လုံးလေးဟာ ပိုပြီး မှေးကျဉ်းသွားပြီး လုံးဝ လခြမ်းကွေးလေး တစ်ခုသဖွယ် ပြုမူကာ အပြုံးလေးတစ်ခုလိုပဲ ။ မျက်လုံးကြီးကြီးလေးဟာ ဘယ်ညာ ပတ်ချာလည် လှည့်ယိမ်းပြီး အလွန်အမင်း အသက်ဝင်စွာပြုမူနေတယ် ။ သူဟာ ဓားမောက်ရှည်ရဲ့ ဓားရိုးပေါ်မှာ ပုံစံတစ်ခုအနေနဲ့ ထွင်းထားတာမျိုးသာသာ မဟုတ်ခဲ့ဘဲ တကယ့် လူသားမှာ ဖြစ်တည်နေတဲ့ သက်ရှိ မျက်လုံးတစ်လုံးလိုပဲ ။ ဟွားချန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးဟာ အပေါ်ကို ကွေးညွှတ်သွားပြီး ပြောလာတယ် ။

" သူက ကောကောကို သဘောကျတယ် !"

ရှဲ့လျန်က မော့ကြည့်လိုက်ပြီး ပြောတယ် ။

" ဟုတ်လား?"

ဟွားချန်က မျက်ခုံးတွေ ပင့်လိုက်ရင်း ပြောတယ် ။

" ဟုတ်တယ် ! မဟုတ်ရင် ဒီကောင်က သူ့မျက်လုံးဖွင့်ဖို့တောင် အင်မတန်ပျင်းတဲ့ကောင် ! တကယ်တော့ အဲ့မင့် အမှန်တကယ်သဘောကျတဲ့သူဆိုတာ တော်တော် နည်းတာ"

ဒီစကားကို ကြားတော့ ရှဲ့လျန်စိတ်အေးသွားသလို ခံစားလိုက်ရတယ် ။ သူက အဲ့မင့်ကို နွေးထွေးစွာပဲ ပြောလိုက်တယ် ။

" ကျေးဇူးပါပဲကွာ"

အဲဒီ့နောက် သူက ဟွားချန်ဘက်လှည့်ပြီး ပြောလိုက်တယ် ။

" ငါလည်း သူ့ကို သဘောကျတယ်"

သူ့စကားဆုံးတော့ အဲဒီမျက်လုံးဟာ အရူးအမူး မျက်တောင်တွေ ခတ်တော့တယ် ။ ပြီးတော့ ဟွားချန်ရဲ့ ခါးမှာ ချိတ်ထားလျှက်ကကို စတင် တုန်ခါလှုပ်ယမ်းလာတယ် ။ ဟွားချန်က ဆုံးမသတိပေးဟန် နဲ့ ဟန့်လိုက်တယ် ။

" မရဘူး !"

"ဟမ် ? ဘာမရတာလဲ?" ရှဲ့လျန်က မေးလိုက်တယ် ။

" မရဘူး !" ဟွားချန်က ထပ်ပြီး ဟန့်ပြန်တယ် ။

အဲ့မင့်က ပိုပြီး ခပ်ပြင်းပြင်း လှုပ်ယမ်းလာတယ် ။ ကြည့်ရတာ ဓားအိမ်ထဲကနေကို လွတ်ထွက်သွားတော့မတတ်ပဲ ။ ရှဲ့လျန်က စိတ်ဝင်စားစွာနဲ့ မေးလိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now