40-သုခ စံရိပ်မြုံဝယ် ရှန်းလာ့ ရဲ့ မေးခွန်းများ

21 1 0
                                    

|| သုခ စံရိပ်မြုံဝယ် ရှန်းလာ့ ရဲ့ မေးခွန်းများ [ အပိုင်း ၂] ||

သူ့စိတ်ထဲ ထင်မိတဲ့ အတွေးမျှင်တစ်စလေးဖြစ်မယ်ထင်ရဲ့ ။ တစ်စက္ကန့်လောက် ဖြတ်ခနဲ အချိန်လေးတစ်ခုမှာ ဟွားချန်ရဲ့ ပုခုံးတွေ တောင့်တင်းသွားသလို ထင်မိတယ် ။ အချိန်ဟာ သိပ်မကြာသလို ဟွားချန်ဟာလည်း ပုံမှန်လေသံနဲ့ပဲ ပြန်ဖြေတယ် ။

" နောက်တစ်ကြိမ် ကျွန်တော်တို့ တွေ့ကြရင် ကျွန်တော့်ရဲ့ အသွင်အစစ်အမှန်နဲ့ နှုတ်ဆက်မယ်လို့ ပြောခဲ့တယ်လေ "

ရှဲ့လျန်က အားပါးတရ ပြုံးလိုက်တယ် ။ သူက ဟွားချန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်တယ် ။

" မဆိုးပါဘူး "

ရှဲ့လျန်ရဲ့ လေသံဟာ ပုံမှန်ပဲ ။ ဘာမှ မပိုသလို ဘာမှလည်း မလျော့ဘူး ။ သိပ်ကို ရိုးရိုးရှင်းရှင်းလေးပဲ ပြောလိုက်တာဖြစ်တယ် ။ ဟွားချန်ဟာ ပြန်ပြုံးပြတယ် ။ အဲဒီအချိန်လေးမှာပဲ သူဟာ စိတ်သက်တောင့်သက်သာ ဖြစ်သွားသလိုပဲ ။ သူတို့ ခြေလှမ်း အနည်းငယ် လျှောက်သွားပြီးမှ ရှဲ့လျန်ဟာ ရုတ်တရက် ဟွားချန်နဲ့ အတည်ပြုဖို့ အရေးကြီးကိစ္စ တစ်ခုရှိနေသေးတာကို သတိရပြီး သူ့လည်ပင်းမှာ ဆွဲထားတဲ့ ငွေကြိုးလေးကို ဖြုတ်လိုက်တယ် ။

" ဒါနဲ့ စကားမစပ်... ဒါ မင်းထားခဲ့တာလား ?"

ဟွားချန်က လက်စွပ်လေးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးတယ် ။

" အဲဒါ ကောကော အတွက် "

" ဘာလဲ ဒါက.. ?"

" ဘာမှ အရေးကြီးတာမျိုး မဟုတ်ပါဘူး ဒီတိုင်း အပျော်သိမ်းထားဖို့ "

သူက အဲဒီလိုပြောပေမဲ့ ဒီပစ္စည်းဟာ သူပြောသလို သိပ်အရေးမပါ ၊ ဘာမှ မဟုတ်တဲ့ အရာမဟုတ်ဘူးဆိုတာ ရှဲ့လျန်သိတယ် ။

" ဒါဆိုလည်း... ကျေးဇူးတင်ပါတယ် စန်းလန် "

လက်စွပ်လေးပါတဲ့ ငွေကြိုးလေးကို ရှဲ့လျန်က လည်ပင်းမှာ ပြန်ဆွဲလိုက်တာကို ကြည့်ရင်း ဟွားချန်ရဲ့ မျက်လုံးတွေဟာ တောက်ပစွာ အရောင်လက်နေတယ် ။ ရှဲ့လျန်က သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now