23-ခြေတစ်လှမ်းတည်းနဲ့ မိုင်တစ်ထောင် ၊ သဲမုန်တိုင်းအတွင်း ပျောက်ဆုံးခြင်း

24 3 0
                                    

|| ခြေတစ်လှမ်းတည်းနဲ့ မိုင်တစ်ထောင် ၊ သဲမုန်တိုင်းအတွင်း ပျောက်ဆုံးခြင်း [အပိုင်း ၄] ||

"အားးးးးးးးးးးးးးးးးးးးးးးးးး"

ရှဲ့လျန်က သူ့လက်ကို နောက်ပြန်ရုတ်လိုက်ပြီး ဆွံ့အသွားတယ် ။

သူ့အတွက်က အမှောင်ထဲမှာ ထိတ်လန့်စရာတွေကို မြင်ရတဲ့အခါဖြစ်စေ ထိကိုင်မိတဲ့ အခါမျိုးမှာဖြစ်စေ ဘယ်တော့မဆို အမြဲလိုလို အခြားသူကချည်း အထိတ်တလန့် စူးစူးဝါးဝါး ထအော်တာကြောင့် ခမျာ အသံတိတ်ကျန်ခဲ့ရသည်ချည်းပဲ ။ တကယ်တမ်း အထိတ်တလန့် အလန့်တကြားက သူကဖြစ်သင့်တာ မဟုတ်ဘူးလား?

ဒီဥယျာဉ်ထဲမှာ အပင်တွေဟာ ရှည်လျားပြီး ထူထပ်စွာ ပေါက်ရောက်နေခဲ့တယ် ။ တစ်ယောက်ယောက်ဟာ စောလျှင်စွာထဲက ပုန်းအောင်းနေခဲ့ပြီး ခြုံနွယ်ပိတ်ပေါင်းတွေထဲမှာ တွားသွားနေခဲ့တဲ့ ခြေထောက်တစ်ဖက်ကို ရှဲ့လျန်က စမ်းမိခဲ့တာပဲ ။ သူစမ်းမိလိုက်ချိန် ခြေထောက်က ဆတ်ခနဲ တွန့်ဆုတ်သွားပြီး သူ့ရှေ့က ခြုံဟာ လှုပ်ခါသွားကာ တစ်စုံတစ်ယောက်က ထအော်လိုက်တယ် ။

" ကျွန်တော့်ကို မရိုက်ပါနဲ့ !!! ကျွန်တော့်ကို မရိုက်ပါနဲ့ !!! အစ်ကိုကြီး ကျွန်တော်ပါ!!!"

ရှဲ့လျန်က မြက်ရိုင်းတွေ ကြားထဲကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးလိုက်တဲ့အခါ "ကျွန်တော့်ကို မရိုက်ပါနဲ့" လို့အော်နေတဲ့ တစ်ယောက်ကို မြင်လိုက်ရတယ် ။ အဲဒီသူဟာ မျက်ခုံးထူထူ မျက်အိမ်ကျယ်ကျယ်နဲ့ ထျန်းရှန်း ဖြစ်နေတယ် ။ ကောင်လေးက ရှဲ့လျန်ဟာ သူ့ကို မှတ်မိသွားပြီဆိုတာ သိလိုက်တဲ့အခါ စိတ်သက်သာရာရသွားတယ် ။ ဒါပေမဲ့ တစ်ဖက်က ရှဲ့လျန်ခမျာမှာတော့ စိတ်မအေးနိုင်ဘဲ ပိုပြီး သတိအနေအထားဖြစ်လာကာ သူ့ရဲ့ ကောင်းတဲ့ လက်တစ်ဖက်နဲ့ ကာကွယ်ဖို့ အသင့်အနေအထား ဖြစ်သွားတယ် ။ ဒီလိုမျိုး အခြေအနေတွေမှာ ဒါဟာ ထုံးစံအတိုင်း မိစ္ဆာအမှောင့်ပယောဂတွေ ဖန်တီးထားတဲ့ ထင်ယောင်ထင်မှားအမြင် ဖြစ်ရပ်တွေ နဲ့ ပိုတူတယ် ။

"မင်းက သဲကန္တာရထဲ တခြားသူတွေနဲ့ ကျန်ခဲ့တာမဟုတ်ဘူးလား? မင်းဘာလို့ ဒီမှာရှိနေတာလဲ? မင်းတကယ်ပဲ ထျန်းရှန်းအစစ်လား?"

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now