28-မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန်

23 1 0
                                    

|| မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန် [ အပိုင်း ၅] ||

" ငါတကယ် မမှတ်မိတော့ပါဘူးလေ " ရှဲ့လျန်က ပြောတယ် ။

သူက မသေမျိုးမို့ မသေနိုင်ပေမဲ့ ဒီလို ရက်ရက်စက်စက် ခုတ်ထစ် သတ်ဖြတ်တာမျိုးတော့ သူမခံစားနိုင်ဘူး ။ သူ့ခေါင်းထဲ "ဒီလိုတော့မဖြစ်ဘူး" လို့ အော်ဟစ်ရင်း မြေပြင်ပေါ် လှဲချလိုက်ပြီး သေဟန်ဆောင်နေလိုက်တော့တယ် ။ ဒါပေမဲ့ " အသေကောင်" လုပ်နေတာတောင် မေ့မျောသွားသည်အထိ သူ့ပေါ်ကို လူပေါင်းများစွာ တက်နင်းခြေမွ သွားတာ ခံခဲ့ရသေးတယ် ။ အဲဒီနောက် ရေနဲ့ မွန်းပြီး သူနိုးလာခဲ့တယ် ။ အကြောင်းက စစ်ပွဲ ပြီးဆုံးသွားချိန် အလောင်းတွေကို ထုံးစံအရ မြစ်ထဲ မျှောကြတာကြောင့်ပဲ ။ ရှဲ့လျန်ဟာ မြစ်ရေစီးကြောင်းအတိုင်း မျောပါသွားပြီး ယုံအမ်းတိုင်းပြည်မှာ အမှိုက်ပုံလို သွားသောင်တင်နေတယ် ။ အဲဒီနောက် သူ့ဒဏ်ရာတွေကို ပြန်လည်ပျောက်ကင်း သက်သာသွားအောင် သုံးလေးနှစ်လောက် အချိန်ယူခဲ့ရပြီး သံလိုက်အိမ်မြှောင်အကောင်းတစ်ခုကို ဆောင်ယူကာ အသစ်ပြန်လည်စတင်ခဲ့တယ် ။ နောက်ဆုံးတော့ သူ့ရဲ့ မူလဘူတ ဦးတည်ချက်ပန်းတိုင်ဖြစ်တဲ့ တောင်ပိုင်းကို ရောက်အောင်သွားနိုင်ခဲ့ပြီး ပန့်ယွဲ့တိုင်းပြည်မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို မေ့ထားလိုက်တော့တယ် ။

"ကျွန်မတောင်းပန်ပါတယ်" ပန့်ယွဲ့က တိုးတိုးရေရွတ်နေပြန်တယ် ။

ဖူယောင်က မျက်မှောင်တွေ ကုတ်လိုက်ပြီး ပြောတယ် ။

" သူက ဘာလို့ သင့်ကို တောက်လျှောက်တောင်းပန်နေရတာလဲ ?"

စန်းလန်က ရုတ်တရက်ပြောလာတယ် ။ " နှစ်ဖက်တိုက်ပွဲအပြီးမှာ နတ်ဆရာမချုပ်က အလယ်ပိုင်းလွင်ပြင်ဒေသကို ထွက်သွားတယ်လို့ ခေါ့မော်က ပြောတယ် ... ဒီကိစ္စမှာ သင်ပါဝင် ပတ်သတ်နေခဲ့တာလား?"

အဲဒီသတိပေးမှုကြောင့် ကမ္ဗည်းကျောက်စာချပ်ပေါ်မှာ ဘာတွေရေးထားခဲ့လည်းဆိုတာကို ပြန်တွေးရင်း ရှဲ့လျန်တစ်ယောက် ကိစ္စတချို့ ခပ်ရေးရေးပြန်မှတ်မိလာတယ် ။

"အာ... ကြည့်ရတာ..."

"ကျွန်မကို ကယ်ဖို့အတွက်ပါ" ပန့်ယွဲ့က ပြောတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now